ဂိုးသမား ကော့တွိုက်

May 6, 2020

ဘာစီလိုနာကို ချန်ပီယံဆုပေးပါက  တရားမျှတမှုမရှိဟု ရီးရဲလ်ဂိုးသမား ကော့တွိုက် ဝေဖန်

လာလီဂါပွဲစဉ်တွေ ဖျက်သိမ်းပြီး ဘာစီလိုနာကို ချန်ပီယံပေးရင် မျှတမှုရှိမှာ မဟုတ်ကြောင်း ရီးရဲလ်ဂိုးသမား ကော့တွိုက်က ဝေဖန်လိုက်ပါတယ်။ စပိန် လာလီဂါပြိုင်ပွဲကို ဆက်လက်ကျင်းပနိုင်ခြင်းမရှိဘူးဆိုရင် ဘယ်လ်ဂျီယံလိဂ်နဲ့ ပြင်သစ်လိဂ်တွေလိုပဲ လက်ရှိ အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့အသင်းတွေကို ချန်ပီယံဆုဖလား ပေးအပ်ရဖို့ ရှိနေတာပါ။ လာလီဂါပွဲစဉ် ၂၇ အပြီးမှာ ဘာစီလိုနာအသင်းက ဒုတိယနေရာက ရီးရဲလ်မက်ဒရစ် အသင်းကို ၂ မှတ်ဖြတ် ဦးဆောင်နေတာပါ။ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော့တွိုက်ကတော့ အဲဒီလိုဖြစ်လာခဲ့ရင် တရားမျှတမှုရှိမှာ မဟုတ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ တပွဲနိုင် တပွဲ သရေကစားခဲ့တဲ့ ရီးရဲလ်အသင်းက ပိုကောင်းတဲ့အသင်း ဖြစ်တယ်လို့ ဂိုးသမား ကော့တွိုက်က ပြောပါတယ်။ ပရီးမီးယားလိဂ်မှာ လီဗာပူးကို ချန်ပီယံဆုဖလား ပေးအပ်မယ်ဆိုရင်တော့ မျှတမှုရှိနိုင်ပြီး သူတို့က ၂၅ မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် လာလီဂါနဲ့ နှိုင်းယှဉ်လို့မရနိုင်ကြောင်း ကော့တွိုက်က ပြောပါတယ်။
1 year Ago
Up