ဂိုးပေါင်း ၂၀၀ ပြည့်

November 6, 2020

တိုက်စစ်မှူး ဟာရီကိန်း စပါးအသင်းအတွက်သွင်းပေးသည့် ဂိုးပေါင်း ၂၀၀ ပြည့်မြောက်

စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ လူဒိုဂိုရက်စ်နဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့ပြီး နောက် စပါးအတွက် သွင်းဂိုးစုစုပေါင်း  ၂၀၀ ပြည့်မြောက်ခဲ့ပါတယ်။  အသင်းသမိုင်းတလျှောက် ဂိုး ၂၀၀ ပြည့်မြောက် အောင်သွင်း ယူခဲ့တဲ့ တတိယမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။  စပါးအသင်းသမိုင်းမှာ အင်္ဂလန်ကစားသမားဟောင်း ဂျင်မီဂရေ့စ်က ၂၆၆ ဂိုးသွင်းယူပြီး ဂိုးအများဆုံးကစားသမားဖြစ် စံချိန်တင်ထားပါတယ်။  အဲဒီနောက် ဘော်ဘီစမစ်က ၂၀၈ ဂိုးနဲ့ ဒုတိယဂိုးသွင်းအများဆုံးကစား သမားအဖြစ် ရပ်တည်နေတာပါ။  ဟာရီကိန်းအနေနဲ့ စပါးနဲ့ပွဲပေါင်း ၃၀၀ ပြည့်မြောက်ချိန်မှာပဲ ဂိုး ၂၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။  အသင်းအတွက် စုစုပေါင်း ဂိုး ၂၀၀ ပြည့်မြောက်ခဲ့လို့ ဂုဏ်ယူမိပြီးနောက် ထပ်သွင်းဂိုးတွေ လာဦးမှာဖြစ်ကြောင်း ဟယ်ရီကိန်းက တွစ်တာကနေတစ်ဆင့် ပြောခဲ့ ပါတယ်။  စပါးနည်းပြ မော်ရင်ညိုကလည်း ဟာရီကိန်းကို ချီးကျူးခဲ့ပြီး  အသင်းရဲ့ ဂိုးသွင်းအများဆုံး စံချိန်ကို လည်း ကျော်ဖြတ်နိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။ 
1 year Ago
Up