ဂိုးပေါက်ပျောက်ဆုံးမှု

February 17, 2020

တိုက်စစ်မှူးမက်ဆီ အချိန်အကြာဆုံး ဂိုးပေါက်ပျောက်ဆုံးမှုဖြင့် ရင်ဆိုင်နေရ

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ၆ နှစ်အတွင်း အချိန်အကြာဆုံး ဂိုးပေါက် ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ မက်ဆီဟာ ဂီတာဖေးအသင်းနဲ့ ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီးနောက် လာလီဂါပွဲစဉ် ၄ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့တာဟာ ၂၀၁၄ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့တာပါ။  မက်ဆီဟာ ဇန်နဝါရီ ၂၀ ရက်က ကစားခဲ့တဲ့ ဂရန်နာဒါအသင်းနဲ့ပွဲစဉ်မှာ တဂိုး သွင်းယူပြီးနောက် ဗလင်စီယာ၊ လီဗန်တေး၊ ရီးရဲလ်ဘက်တစ်၊ ဂီတာဖေးအသင်းတွေနဲ့ ပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့ပါတယ်။  မက်ဆီဟာ ၂၀၁၄ ခုနှစ်ကလည်း အရှည်ကြာဆုံး ဂိုးပေါက်ပျောက်ဆုံးမှုအဖြစ် ၈ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့ဖူးပါတယ်။  မက်ဆီဟာ ဂိုးဖန်တီးမှုအပိုင်းမှာတော့ အကောင်းဆုံးမှတ်တမ်း ရရှိထားပါတယ်။ လာလီဂါပွဲစဉ် စုစုပေါင်း ၁၉ ပွဲမှာ မက်ဆီက ၁၄ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားလို့ ပြီးခဲ့တဲ့ရာသီက ၁၃ ကြိမ် ဂိုးဖန်တီးခဲ့တဲ့ မှတ်တမ်းကို မီဖို့ ဂိုးဖန်တီးမှု တကြိမ်သာ လိုအပ်တော့တာ ဖြစ်ပါတယ်။
2 years Ago
Up