ဂိုးပိုမိုသွင်း

A d v e r t i s e m e n t With Us

May 1, 2020

ဖာနန်ဒက်စ်နှင့်တွဲကစားပြီး ဂိုးပိုမိုသွင်းယူနိုင်ရန် ဖရက်ဒ်မျှော်မှန်း

အသင်းဖော် ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲဖက်ကစားရတာကြောင့် ဂိုးတွေပိုသွင်းနိုင်ဖို့ မျှော်လင့်တယ်လို့ မန်ယူကွင်းလယ်လူ ဖရက်ဒ်က ပြောပါတယ်။  ဖာနန်ဒက်စ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကမှ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပေမယ့် စုစုပေါင်း ၉ ပွဲကစားအပြီးမှာ ၃ ဂိုးသွင်း ၄ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။  ဖာနန်ဒက်စ်ရဲ့ ကစားပုံဟာ မန်ယူနိုက်တက်အသင်းကို လွတ်လွတ်လပ်လပ်ကစားခွင့်ရရှိ စေတာကြောင့် သူကိုယ်တိုင်လည်း သွင်းဂိုးတွေ ပိုမိုသွင်းယူနိုင်လိမ့်မယ်လို့ ဖရက်ဒ်က ပြောပါတယ်။  ဂိုးတွေသွင်းပေးရတာက အမြဲတမ်းအရေးပါပြီး အသင်းဖော် ဖာနန်ဒက်စ်ရဲ့  ဘောလုံးပေးပို့မှုတွေ ကောင်းမွန်တာကြောင့် ကွင်းလယ်ကနေ ရှေ့တက်ပြီး ဂိုးသွင်းယူပေးချင်တယ်လို့ ဖရက်ဒ်က ပြောပါတယ်။  အဲဒီအတွက် အဆုံးသတ်ပိုင်း ပိုကောင်းလာဖို့ ပြင်းပြင်းထန်ထန်လေ့ကျင့်နေတယ်လို့လည်း ဖရက်ဒ်က ဆိုပါတယ်။ ဘရာဇီးကွင်းလယ်လူ ဖရက်ဒ်ဟာ အခုနှစ်ဘောလုံးရာသီမှာ အသင်းအတွက် စုစုပေါင်း ၃၉ ပွဲအထိ ကစားပေးနိုင်ခဲ့ပြီး ၂ ဂိုး သွင်းယူပေးထားပါတယ်။ 
10 months Ago
Up