ဂိုတာဘာယာ

August 12, 2019

သီရိလင်္ကာ အတိုက်အခံပါတီက ဂိုတာဘာယာကို သမ္မတလောင်း အမည်စာရင်းတင်သွင်း

သီရိလင်္ကာနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီက ပြည်တွင်းစစ်ကာလ ကာကွယ်ရေး ဝန်ကြီးဟောင်း ဂိုတာဘာယာ ရာဂျာပတ်စာကို ပါတီကိုယ်စားပြု သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ သီရိလင်္ကာ Podujana Peramuna (SLPP) ပါတီရဲ့ မြို့တော် ကိုလံဘိုက ညီလာခံအတွင်း သြဂုတ် ၁၁ ရက်က ခုလို နာမည်စာရင်း သွင်းလိုက်တာပါ။ ပါတီခေါင်းဆောင်နဲ့ သမ္မတဟောင်း မဟိန္ဒြာရာဂျာပတ်စာက နာမည်စာရင်း ကြေညာအပြီးမှာ ထောင်နဲ့ချီတဲ့ လူတွေက ခင်ဗျားအတွက် အောင်ပွဲလို့ ကြွေးကြော်ကြတဲ့ အသံတွေ ပဲ့တင်ထပ်နေပါတယ်။  လူအယောက် ၂၅၀ ကျော် သေဆုံးခဲ့တဲ့ အီစတာပွဲတော် ဗုံးခွဲမှုတွေအပြီး ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင်မှုကို ပြည်သူတွေ အုန်းအုန်းကျွက်ကျွက် တောင်းဆိုနေချိန်မှာ ခုလို အမည်စာရင်း တင်သွင်းလိုက်က်တာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။ “ဘာသာ လူမျိုး မခွဲခြားဘဲ သီရိလင်္ကာနိုင်ငံသားအားလုံး ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ ကျနော် ကတိပြုပါတယ်။ နိုင်ငံသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြမှာပါ၊ ဒါပေမဲ့ ကျနော်က အစွန်းရောက် အကြမ်းဖက်ဝါဒကိုတော့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး” လို့ ဂိုတာဘာယာ ရာဂျာပတ်စာက ပြောပါတယ်။ အသက် ၇၀ အရွယ် ဂိုတာဘာယာဟာ သူ့အကို သမ္မတဟောင်း မဟိန္ဒြာရာဂျာပတ်စာ လက်အောက်မှာ အမှုထမ်းခဲ့ဖူးတာပါ။ ဒီဇင်ဘာ ၉ ရက်မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ရှေ့က ပြေးနေသူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံနေရပါတယ်။  ၂၆ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ပေးသူအဖြစ် အသိအမှတ်ပြုခံရသူ ဂိုတာဘာယာဟာ သီရိလင်္ကာနိုင်ငံအတွင်း အားကောင်းတဲ့ ဆင်ဟာလီ ဗုဒ္ဓဘာသာ လူများစုကြားမှာ လူကြိုက်များသူလည်း ဖြစ်ပါတယ်။    သူသာ သမ္မတ ဖြစ်လာခဲ့ရင် နိုင်ငံလုံခြုံရေးကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်မယ်၊ တိုက်ခိုက်မှုတွေကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းလို့ ထိခိုက်နေတဲ့ နိုင်ငံ့စီးပွားရေး ပြန်နာလန်ထအောင် လုပ်မယ်လို့ ကတိပေးပါတယ်။ တခြားနိုင်ငံရေးပါတီတွေက သူတို့ရဲ့ သမ္မတလောင်း ကိုယ်စားလှယ် ဘယ်သူ ဆိုတာ တရားဝင် မကြေညာကြသေးပါဘူး။  ဒါပေမဲ့ ဂိုတာဘာယာရဲ့ အဓိက စိန်ခေါ်သူကတော့ အလယ်အလတ်ဝါဒီ ညီညွတ်သော အမျိုးသားပါတီက လက်ရှိ အိုးအိမ်ဝန်ကြီး ဆာဂျစ် ပရီမာဒါဆာ ဖြစ်မယ်လို့ ပြောဆိုနေကြပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version သီရိလကၤာ အတိုက္အခံပါတီက ဂိုတာဘာယာကို သမၼတေလာင္း အမည္စာရင္းတင္သြင္း သီရိလကၤာႏိုင္ငံရဲ႕ အဓိက အတိုက္အခံပါတီက ျပည္တြင္းစစ္ကာလ ကာကြယ္ေရး ဝန္ႀကီးေဟာင္း ဂိုတာဘာယာ ရာဂ်ာပတ္စာကို ပါတီကိုယ္စားျပဳ သမၼတေလာင္း ကိုယ္စားလွယ္အျဖစ္ အမည္စာရင္း တင္သြင္းလိုက္ပါတယ္။ သီရိလကၤာ Podujana Peramuna (SLPP) ပါတီရဲ႕ ၿမိဳ႕ေတာ္ ကိုလံဘိုက ညီလာခံအတြင္း ၾသဂုတ္ ၁၁ ရက္က ခုလို နာမည္စာရင္း သြင္းလိုက္တာပါ။ ပါတီေခါင္းေဆာင္နဲ႔ သမၼတေဟာင္း မဟိျႏၵာရာဂ်ာပတ္စာက နာမည္စာရင္း ေၾကညာအၿပီးမွာ ေထာင္နဲ႔ခ်ီတဲ့ လူေတြက ခင္ဗ်ားအတြက္ ေအာင္ပြဲလို႔ ေႂကြးေၾကာ္ၾကတဲ့ အသံေတြ ပဲ့တင္ထပ္ေနပါတယ္။ လူအေယာက္ ၂၅၀ ေက်ာ္ ေသဆုံးခဲ့တဲ့ အီစတာပြဲေတာ္ ဗုံးခြဲမႈေတြအၿပီး ဆုံးျဖတ္ႏိုင္တဲ့ ေခါင္းေဆာင္မႈကို ျပည္သူေတြ အုန္းအုန္းကြၽက္ကြၽက္ ေတာင္းဆိုေနခ်ိန္မွာ ခုလို အမည္စာရင္း တင္သြင္းလိုက္က္တာလို႔ မီဒီယာေတြက သုံးသပ္ပါတယ္။ “ဘာသာ လူမ်ိဳး မခြဲျခားဘဲ သီရိလကၤာႏိုင္ငံသားအားလုံး ေဘးကင္းလုံၿခဳံတဲ့ ပတ္ဝန္းက်င္ကို ဖန္တီးေပးဖို႔ က်ေနာ္ ကတိျပဳပါတယ္။ ႏိုင္ငံသားအားလုံး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနႏိုင္ၾကမွာပါ၊ ဒါေပမဲ့ က်ေနာ္က အစြန္းေရာက္ အၾကမ္းဖက္ဝါဒကိုေတာ့ ဘယ္ေတာ့မွ ခြင့္ျပဳမွာ မဟုတ္ဘူး” လို႔ ဂိုတာဘာယာ ရာဂ်ာပတ္စာက ေျပာပါတယ္။ အသက္ ၇၀ အ႐ြယ္ ဂိုတာဘာယာဟာ သူ႔အကို သမၼတေဟာင္း မဟိျႏၵာရာဂ်ာပတ္စာ လက္ေအာက္မွာ အမႈထမ္းခဲ့ဖူးတာပါ။ ဒီဇင္ဘာ ၉ ရက္မွာ က်င္းပမယ့္ သမၼတ ေ႐ြးေကာက္ပြဲမွာ ေရွ႕က ေျပးေနသူအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ရႈျမင္ခံေနရပါတယ္။ ၂၆ ႏွစ္ၾကာ ျပည္တြင္းစစ္ကို အဆုံးသတ္ေပးသူအျဖစ္ အသိအမွတ္ျပဳခံရသူ ဂိုတာဘာယာဟာ သီရိလကၤာႏိုင္ငံအတြင္း အားေကာင္းတဲ့ ဆင္ဟာလီ ဗုဒၶဘာသာ လူမ်ားစုၾကားမွာ လူႀကိဳက္မ်ားသူလည္း ျဖစ္ပါတယ္။ သူသာ သမၼတ ျဖစ္လာခဲ့ရင္ ႏိုင္ငံလုံၿခဳံေရးကို ထိပ္တန္းဦးစားေပးအျဖစ္ ေဆာင္႐ြက္မယ္၊ တိုက္ခိုက္မႈေတြေၾကာင့္ ခရီးသြားလုပ္ငန္း က်ဆင္းလို႔ ထိခိုက္ေနတဲ့ ႏိုင္ငံ့စီးပြားေရး ျပန္နာလန္ထေအာင္ လုပ္မယ္လို႔ ကတိေပးပါတယ္။ တျခားႏိုင္ငံေရးပါတီေတြက သူတို႔ရဲ႕ သမၼတေလာင္း ကိုယ္စားလွယ္ ဘယ္သူ ဆိုတာ တရားဝင္ မေၾကညာၾကေသးပါဘူး။ ဒါေပမဲ့ ဂိုတာဘာယာရဲ႕ အဓိက စိန္ေခၚသူကေတာ့ အလယ္အလတ္ဝါဒီ ညီၫြတ္ေသာ အမ်ိဳးသားပါတီက လက္ရွိ အိုးအိမ္ဝန္ႀကီး ဆာဂ်စ္ ပရီမာဒါဆာ ျဖစ္မယ္လို႔ ေျပာဆိုေနၾကပါတယ္။
2 years Ago
Up