ဂါးရတ်ဘေးလ်

A d v e r t i s e m e n t With Us

November 20, 2015

ဘာစီလိုနာနှင့်ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်း ဂါးရတ်ဘေးလ် ပြော

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂါးရတ် ဘေးလ်က ပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်အသင်းဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဘာစီလိုနာအသင်းနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဝေးလ် တိုက်စစ်မှူးဟာ ဒဏ်ရာကြောင့် သီတင်း ၆ ပတ်လောက် အနားယူခဲ့ရပြီး နိုဝင်ဘာ ၈ ရက်နေ့က ဆီဗီလာနဲ့ ပွဲစဉ်မှာ ပြန်ကစားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ကစားမယ့် ပွဲစဉ်အတွက် ကြံ့ခိုင်မှု ပြည့်ဝေနေပြီလို့လည်း ဘေးလ်က ပြောပါတယ်။ ဘာစီလိုနာအသင်းမှာလည်း တိုက်စစ်မှူး လီယွန်နယ်မက်ဆီ ဒဏ်ရာကနေ သက်သာလာပြီး ပြန်ကစားနိုင်ဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်။ လောလောဆယ် စပိန် လာလီဂါ အမှတ်ပေးဇယားမှာ ဘာစီလိုနာက ဦးဆောင်နေပြီး ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၃ မှတ် ဖြတ်ထားပါတယ်။
5 years Ago
Up