ဂါရဝပြု

July 19, 2020

၇၃ နှစ်မြောက်အာဇာနည်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်ကို ပြည်သူများ လာရောက်ဂါရဝပြု (ဓာတ်ပုံ)

၇၃ နှစ်မြောက်အာဇာနည်နေ့မှာ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ပြည်သူတွေ လာရောက်အလေးပြု ဂါရဝပြုခဲ့ကြပါတယ်။ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလဖြစ်တာကြောင့် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ပြတိုက်၊ ဝန်ကြီးများရုံးတို့ကို ပြည်သူတွေ လာရောက်လည်ပတ်ခွင့်ပိတ်ထားပြီး အာဇာနည်ကုန်းနဲ့ ဗိုလ်ချုပ်ကြေးရုပ်သာ လာရောက်လည်ပတ်အလေးပြုခွင့်ပေးထားတယ်လို့သိရပါတယ်။ Photo - Jpaing  / MPA
10 months Ago

အာဇာနည်နေ့အခမ်းအနား ကယားပြည်နယ်အစိုးရနှင့်ပါတီအချို့ တက်ရောက်ဂါရဝပြု

ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့ ကျရောက်တဲ့  ၇၃ နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် အဖြစ် ကယားပြည်နယ်အစိုးရအဖွဲ့က  အာဇာနည်ကျောက်တိုင်ကွင်းမှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။ ဒါ့အပြင် လွိုင်ကော်မြို့ ကန္တဟေဝန်ပန်းခြံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း သွားရောက်အလေးပြုခဲ့ကြသလို ရွှေတောင်ပရိယတ္တိ စာသင်တိုက် ဆရာတော်နဲ့ သံဃာတော်အရှင်သူမြတ်တွေကို အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ ကိုဗစ်-၁၉ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်အရ လူစုလူဝေးမဖြစ်စေရေး အစိုးရအဖွဲ့ဝင်တွေနဲ့ ပါတီတချို့သာ အာဇာနည်တွေကို ဂါရဝပြုခဲ့ကြပါတယ်။ ဓာတ်ပုံ- နော်နိုရင်း
10 months Ago

July 11, 2020

ဆိုးလ်မြို့တော်ဝန်၏ ဝမ်းနည်းခြင်းအထိမ်းအမှတ်နေရာတွင် ပြည်သူများ လာရောက်ဂါရဝပြု

ဆိုးလ်မြို့တော်ဝန်သေဆုံးမှုအတွက် ဇူလိုင်လ ၁၁ ရက်က  တောင်ကိုရီးယားပြည်သူတွေ ဝမ်းနည်းပူဆွေးနေကြပါတယ်။   ဆိုးလ်မြို့တော်ခန်းမရှေ့မှာ လုပ်ထားတဲ့  မြို့တော်ဝန် ပတ်ဝန်ဆွန်း  ဝမ်းနည်းခြင်း  အထိမ်း အမှတ်နေရာကို  ပြည်သူတွေ လာရောက် လာရောက် ဂါရ၀ ပြုခဲ့ပါတယ်။  အသက် ၆၄ နှစ်အရွယ် မြို့တော်ဝန်ပတ်ကို သေဆုံးရက်  မတွေ့မီအချိန်က သူ့စားပွဲပေါ်မှာ ထားရစ်ခဲ့တဲ့  စာတိုတစ်ခုကို အစိုးရအရာရှိတွေက  ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။   စာတိုထဲမှာ   “အားလုံးကို တောင်းပန်ပါတယ်။ သူနဲ့အတူ ရှိခဲ့သူအားလုံးကို ကျေးဇူး တင်ပါတယ်။ သူ့ကြောင့်ထိခိုက်ခံစားရတဲ့ မိသားစုကို  တောင်းပန်ပါတယ်” လို့  မြို့တော်ဝန်ပတ်က ရေးခဲ့ပါတယ်။   အဲဒီစာတိုကို  မိသားစုခွင့်ပြုချက်နဲ့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။  ပတ်ရဲ့အတွင်းရေးမှူးဟောင်း တစ်ယောက်က ပတ်ဟာ သူ့ကို လိင်ပိုင်းစော်ကားခဲ့တယ်လို့   ဇူလိုင်  ၈ ရက်မှာ စွပ်စွဲတိုင်တန်းခဲ့ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်ဖွယ် ဖြစ်ပုံရတဲ့ ပတ်ရဲ့ သေဆုံးမှု ပေါ်ပေါက်ခဲ့တာပါ။  ပတ်ရဲ့ ရုပ်အလောင်းကို  ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံကို  သယ်ဆောင်ခဲ့ပြီး  အဲဒီမှာ ၅  ရက်ကြာ ဈာပနကို ပြုလုပ်မယ် မျှော်လင့်ရတယ်လို့ရိုက်တာက ဖော်ပြပါတယ်။ 
10 months Ago
Up