ဂါရတ်ဘေးလ်

March 4, 2021

မြန်မာပရိတ်သတ်များ ဘေးကင်းစေရန် ဂါရတ်ဘေးလ် သတင်းစကားပါး

မြန်မာနိုင်ငံမှာရှိတဲ့ ဘောလုံး ပရိတ်သတ်တွေ ဘေးအန္တရာယ်ကင်းဝေးစေဖို့  စပါးအသင်းရဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်က ပြောကြားလိုက်ပါတယ်။

သူ့ရဲ့ လူမှုကွန်ရက် ထွစ်တာမှာ တင်ထားတဲ့ ရုပ်သံမှာ ဂါရတ်ဘေးလ်က “ မြန်မာနိုင်ငံမှာရှိတဲ့ ကျနော်တို့ရဲ့ ပရိတ်သတ်တွေအားလုံးကို သတင်းစကားပါးလိုက်ချင်ပါတယ်။ ခုလို ခက်ခဲတဲ့ အချိန်မှာ ဘေးအန္တရာယ်ကင်းပြီး နေကောင်းအောင်နေကြပါ။ သင်တို့ရဲ့ မယုံနိုင်လောက်အောင် အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူလူထုတွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၁ ရက်မှာ မတ်လ ၃ ရက်အထိ  သေဆုံးသူ ၅၀ ကျော်လောက်ရှိနေပြီဖြစ်ပါတယ်။ 

7 months Ago

January 26, 2021

စပါးအသင်းက ဝိုင်ကွမ်ဘီကို (၄-၁) ဂိုးဖြင့်နိုင်၊ ဂါရတ်ဘေးလ်၏ ခြေစွမ်းကို မော်ရင်ဟို ချီးကျူး

ဝိုင်ကွမ်ဘီအသင်းကို  ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို စပါးနည်းပြမော်ရင်ဟိုက ချီးကျူးလိုက် ပါတယ်။

မနေ့ညက ကန်သွားတဲ့ပွဲမှာ ဘေးလ်က စပါးအသင်းအတွက် အဖိုးတန် ချေပဂိုးတစ်ဂိုးကို ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့ပါတယ်။ ဘေးလ်ရဲ့ဂိုး မတိုင်ခင်အထိ ဝိုင်ကွန်ဘီအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားခဲ့တာဖြစ်ပြီး ဒီဂိုးက စပါးအသင်းအတွက် အက်ဖ်အေဖလားမှာ နောက်တဆင့် တက်နိုင်ဖို့ များစွာအထောက်အကူ ဖြစ်စေခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ စပါးအသင်းအတွက်အနိုင်ဂိုးတွေကို  ဟယ်ရီဝင့်နဲ့ အန်ဒွမ်ဘီလီတို့က ပွဲပြီးခါနီး နောက်ဆုံး ၄ မိနစ်အတွင်း ၃ ဂိုး ဆက်တိုက်သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝိုင်ကွမ်ဘီနဲ့ပွဲက သွင်းဂိုးဟာ ဘေးလ်အတွက် ဒီရာသီ ၃ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ၁၂ ပွဲ ကစားပြီးချိန်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဘေးလ်ဟာ ရီးရဲလ်အသင်းကနေ အငှားလာရောက်ကစားနေတာဖြစ်ပြီး ဒီရာသီမှာ မော်ရင်ဟို အသင်းအတွက် ပွဲထွက်ခွင့်များများစားစား မရသေးဘဲ ပရီးမီးယားလိဂ် ၄ ပွဲသာ ကစားပေးထားပါတယ်။ 

ပွဲအပြီးမှာ မော်ရင်ဟိုက ဘေးလ်အနေနဲ့ ဒီထက်ပိုတဲ့ ပွဲကစားခွင့်ရသင့်ကြောင်း ပြောပြီး တောင်ပံကစားသမားကိုလည်း ဒီထက်ပိုလုပ်ပြဖို့ တွန်းအားပေးသွားခဲ့ပါတယ်။

တနင်္လာနေ့ပွဲရဲ့ စွမ်းဆောင်ရည်ကြောင့်လည်း မော်ရင်ဟိုက ဘေးလ်ဟာ စပါးအသင်းအတွက် နိုင်ပွဲမှာ ဘယ်လောက် အရေးပါခဲ့ကြောင်းကို ထောက်ပြပြောပါတယ်။

ဘေးလ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သတ်လို့ မော်ရင်ဟိုက “ဒါ တကယ်ကို ကောင်းပါတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့်တွေရှိခဲ့ပြီး ပြိုင်ဘက်တွေကို ကျော်ဖြတ်ကာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့သလို သွင်းဂိုး ၁ ဂိုးလည်း ရရှိခဲ့ပါတယ်။ ဒီအချက်တွေအပြင် သူ မိနစ် ၉၀ ပြည့် မကစားနိုင်ဘူးလို့ ကျနော် ဘယ်တော့မှမတွေးခဲ့ပါဘူး။ သူ့ကို လူစားလဲသင့်နေပြီလို့ ကျနော့်စိတ်ထဲ မတွေးခဲ့မိသလို ဒါဟာ ကောင်းပါတယ်။ ပြိုင်ဘက်ရဲ့ ကစားပုံက အရမ်းကောင်းတာကြောင့် ဒီရလဒ်အတွက် ပျော်ရွှင်မိပါတယ်။ ကျနော်တို့ရဲ့ ပွဲထွက်ကစားသမားတွေဆီက စွမ်းဆောင်ရည်ကောင်းတွေကို မြင်တွေ့ခဲ့ရပြီး သေချာတာကတော့ ဝင့်ခ်ဟာ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားပါ” လို့ပြောပါတယ်။

စပါးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး ကြာသပတေးနေ့မှာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

8 months Ago
More News
Up