ဂါရတ်ဘေး

March 25, 2020

တောင်ပံကစားသမား ဂါရတ်ဘေးကို ရီးရဲလ်က ထပ်မံထွက်ခွာခွင့်ပြု

မကြာခဏဆိုသလို အသင်းကနေ ထွက်ခွာဖို့ သတင်းတွေကြီးနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရက်ဘေးလ်ကို အသင်းကနေ ထပ်မံထွက်ခွာခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ စပိန်မြေမှာ အဆင်မပြေဖြစ်နေခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ နည်းပြဖြစ်သူ ဇီဒန်းနဲ့လည်း မကြာခဏ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေခဲ့သူပါ။  နောက်ဆုံးရရှိတဲ့သတင်းတွေအရ လာမယ့် အပြောင်းအရွှေ့ကာလမှာ အသင်းကို သေချာပေါက်စွန့်ခွာသွားဖွယ်ရှိနေပြီး တရုတ်ကလပ် ကျန်းရှုဆန်းနင်းအသင်းဆီ ပြောင်းရွှေ့သွားဖွယ် ရှိနေပါတယ်။  ဘေးလ်ဟာ လက်ရှိ စပိန်ကလပ်မှာ တနှစ် လုပ်ခပေါင် ၁၃ ဒသမ ၄ သန်းအထိ ရရှိ‌နေသူလည်း ဖြစ်ပါတယ်။  ဘေးလ်ကို ပရီးမီးယားလိဂ် အသင်းတော်တော်များကလည်း ခေါ်ယူလိုပေမယ့် သူ့ရဲ့ များပြားလှတဲ့ လုပ်ခလစာကို မတတ်နိုင်တာကြောင့် လက်တွန့်နေကြတယ်လို့ သိရပါတယ်။
2 years Ago
Up