ဂါရတ်ဘေးလ်ကို ခေါ်ယူလိုဟု မန်ယူနည်းပြ ပြော

August 8, 2017

ဂါရတ်ဘေးလ်ကို ခေါ်ယူလိုဟု မန်ယူနည်းပြ ပြော

ရီးရဲလ်မက်ဒရစ်က ရောင်းချမယ်ဆိုရင် ဂါရတ်ဘေးလ်ကို ခေါ်ယူလိုတယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ဥရောပစူပါဖလားအဖြစ် ဒီကနေ့ည ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲမတိုင်မီမှာ မော်ရင်ဟိုက အခုလို ပြောကြားလိုက်တာပါ။ ဂါရတ်ဘေးလ်အနေနဲ့ ရီးရဲလ်အသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ မပါဝင်တော့ဘဲ သူကိုယ်တိုင်ကလည်း အသင်းကထွက်ခွာဖို့ ဆန္ဒရှိမယ်ဆိုရင် ဘေးလ်ကို ခေါ်ယူလိုတယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ အသက် ၂၈ နှစ်ရှိ ဝေးလ်လက်ရွေးစင် ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသူပါ။ ရီးရဲလ်နည်းပြ ဇီဒန်းကတော့ ဂါရတ်ဘေးလ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သူဟာ ရီးရဲလ်မက်ဒရစ် ကစားသမားတဦးဖြစ်တယ်လို့ပဲ ပြန်လည်ဖြေရှင်းထားပါတယ်။ ဂါရတ်ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၅ သန်းနဲ့ စပါးအသင်းကနေ ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
4 years Ago
Up