ဂါရက်ဘေးလ်ပြန်လာပါက

December 10, 2017

ဂါရက်ဘေးလ်ပြန်လာပါက လက်ခံရန် အဆင့်သင့်ရှိနေဟု စပါးနည်းပြပြော

ဒဏ်ရာပြသနာတွေနဲ့လုံးပန်းနေရတဲ့ ဂါရက်ဘေးလ် အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့လာရင် လက်ခံဖို့ အဆင့်သင့်ရှိနေတယ်လို့ စပါးနည်းပြပိုချက်တီနိုက ပြောပါတယ်။ ဂါရက်ဘေးလ်အတွက် အသင်းဟောင်းစပါးအသင်းကို ပြန်လည်ပြောင်းရွှေ့လာဖို့ အစဉ်အမြဲ တံခါးဖွင့်ထားတယ်၊ ဘောလုံးမှာဘာတွေ ဖြစ်ပျက်မယ်ဆိုတာ ဘယ်တော့မှ မသိနိုင်ဘူးလို့ ပိုချက်တီနိုက ဆိုပါတယ်။ စပါးအသင်းအတွက် ပွဲပေါင်း ၁၆၀ ကစားပြီး ဂိုးပေါင်း ၇၀ ထိ သွင်းယူပေးထားခဲ့တဲ့ ဂါရက်ဘေးလ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းက ထွက်ခွာဖို့ သတင်းထွက်နေသူလည်းဖြစ်ပါတယ်။ ဂါရက်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါ ၈ ပွဲနဲ့ ချန်ပီယံလိဂ်ပွဲတွေ မကစားရသေးပဲ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် မန်ချက်စတာယူနိုက်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ စပါးနည်းပြပိုချက်တီနိုက သူ့အနေနဲ့ အသင်းနဲ့ပတ်သက်ခဲ့ဖူးတဲ့ ကစားသမားတွေနဲ့ အစဉ်အမြဲအဆက်အသွယ်ရှိကြောင်း၊ ဂါရက်ဘေးလ်နဲ့မရင်းနှီးပေမယ့် ဘောလုံးလောကမှာ အရာရာဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ စပါးအသင်းဟာ ဂါရက်ဘေးလ်ကို ၂၀၁၃ ခုနှစ်က ပေါင် ၈၅ သန်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံ ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။
3 years Ago
Up