ဂါနာနိုင်ငံရွေးကောက်ပွဲမှာ လက်ရှိသမ္မတ နာနာအာဖူကိုအက်ဒိုက ဒုတိယ ၄ နှစ်သက်တမ်း အတွက် အနိုင်ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၉ ရက်မှာ ကြေညာလိုက်ပါတယ်။
အကြိတ်အနယ်ရှိလှတဲ့ ရွေးကောက်ပွဲမှာ အက်ဒိုက ထောက်ခံမဲ ၅၁ ဒသမ ၅၉ ရာခိုင်နှုန်း ၊ ပြိုင်ဘက် ဂျွန်မဟာမာက ၄၇ ဒသမ ၃၇ ရာခိုင်နှုန်း ရခဲ့တာပါ။
ဂျွန်မဟာမာက ရွေးကောက်ပွဲမှာ သူက ဦးဆောင်ခဲ့ပြီး မဲခိုးတာတွေ မရှိလောက်ဘူး မျှော်လင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
သမ္မတ အာဖူကို-အက်ဒိုက အနောက်အာဖရိကရဲ့ စီးပွားရေး အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ဂါနာမှာ စီးပွားရေးတိုးတက်စေဖို့ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အစီအစဉ်ကို အကောင် ထည်ဖော်ဖို့ ကတိပြုထားပါတယ်။
ကပ်ရောဂါကြောင့် ဂါနာမှာ ဒီနှစ်အဖို့ ရေနံဈေးနဲ့ ကိုကာတင်ပို့မှု ထိခိုက်ခဲ့ပြီး နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမ ၃ လပတ်ရဲ့ စီးပွားရေး ကျုံ့ဝင်သွားခဲ့ပါတယ်။
ထပ်မံရွေးကောက်ခံရတဲ့ အာဖူကို အက်ဒိုအနေနဲ့ အစိုးရအသုံးစရိတ်နဲ့ နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့ သတိပေးချက်တွေကို ထိန်းကျောင်း ကိုင်တွယ်ဖို့ ဖိအားပေးခံရမယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
4 months Ago