ဂါနာတွင် ရေကူးကန်ပေါ် သစ်ပင်ကြီးတပင် ပြိုလဲကျ၊ အနည်းဆုံး ၁၈ ဦး သေဆုံး

March 21, 2017

ဂါနာတွင် ရေကူးကန်ပေါ် သစ်ပင်ကြီးတပင် ပြိုလဲကျ၊ အနည်းဆုံး ၁၈ ဦး သေဆုံး (ရုပ်သံ)

ဂါနာနိုင်ငံ ကင်တမ်ပိုမြို့မှာ မတ်လ ၂၀ ရက်နေ့က ကြီးမားတဲ့သစ်ပင်ကြီးတပင် ရေတံခွန်တခုအောက်ေခြရှိ ရေကူးကန်ပေါ် ပြိုလဲကျတဲ့အတွက် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။ ဒေသခံမီဒီယာတခုကတော့ လူ ၂၀ သေဆုံးတယ်လို့ မတ်လ ၂၀ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူအများစုဟာ အပန်းဖြေခရီးထွက်လာတဲ့ အထက်တန်းကျောင်းသူကျောင်းသားတွေ ဖြစ်ပါတယ်။ နောက်ထပ် လူ ၂၀ လောက် ခြေကျိုးလက်ကျိုး ဒဏ်ရာတွေရခဲ့ပြီး တချို့ဆိုရင် ခြေထောက်ဖြတ်ပစ်ရတဲ့အဆင့်ထိ ရောက်ခဲ့ပါတယ်။ ဘာ့ကြောင့် အခုလိုဖြစ်ပျက်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် ဂါနာအလယ်ပိုင်းဒေသတခုမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ အဲ့ဒီသစ်ပင်ကြီး ပြိုလဲခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up