ဂါဇာ-အစ္စရေးနယ်စပ်

May 19, 2018

စစ်တပ်ဖြိုခွင်းမှုကြောင့် ဂါဇာ-အစ္စရေးနယ်စပ် ဆန္ဒပြသူအရေအတွက် လျော့နည်း

ဂါဇာ-အစ္စရေးနယ်စပ်မှာ ဆန္ဒပြသူအရေအတွက်ဟာ မေလ ၁၈ ရက်နေ့မှာ အရင်ရက်တွေအောက် လျှော့ကျသွားပါတယ်။ အခုသီတင်းပတ် အစပိုင်းမှာ ဆန္ဒပြသူအရေအတွက်ဟာ ထောင်ဂဏန်းရှိခဲ့ရာက အစ္စရေးစစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် လူအုပ်အရေအတွက်ဟာ ရာဂဏန်းလောက်သာ ရှိပါတော့တယ်။ မတ်လ ၃၀ ရက်နေ့က စတင်ပြီး အစ္စရေးစစ်တပ်ဟာ ကလေး ၁၅ ဦးအပါအ၀င် ပါလက်စတိုင်းသား ၁၀၆ ဦးကို ပစ်သတ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ဆန္ဒပြပါလက်စတိုင်းသား ၁၂၀၀၀ ကျော် ဒဏ်ရာရခဲ့ပြီး အနည်းဆုံး ၃၅၀၀ ဟာ ဖိုက်ဘာကျည်နဲ့ ပစ်ခတ်ခံကြရတာပါ။ ဂါဇာအရေးအတွက် အစ္စရေးက အင်အား အလွန်အကျွံ သုံးသလား ဆိုတာ စုံစမ်းစစ်ဆေးဖို့ မေ ၁၈ ရက်နေ့က ကုလလူအခွင့်အရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ကုလအဖွဲ့ဝင် ၄၇ နိုင်ငံမှာ ၂၉ နိုင်ငံက ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတို့က ကန့်ကွက်ခဲ့ကြပြီး ဗြိတိန်၊ ဂျာမနီနဲ့ ဂျပန်အပါအ၀င် နိုင်ငံ ၁၄ နိုင်ငံကတော့ ကြားနေခဲ့ကြပါတယ်။
4 years Ago
Up