ဂါဇာဒေသတိုက်ပွဲ

May 16, 2021

ဂါဇာဒေသတိုက်ပွဲ မြင့်တက်လာချိန် ကမ္ဘာ့မြို့ကြီးများတွင် အစ္စရေးဆန့်ကျင်မှု ပိုတိုး

အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခ ၆ ရက်မြောက်မှာ ဂါဇာဒေသကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အမြောက်နဲ့ ပစ်ခတ်မှုတွေကြောင့် ပါလက်စတိုင်းတွေနဲ့ ကမ္ဘာ့နိုင်ငံ တချို့က မြို့ကြီးတွေမှာ အစ္စရေးဆန့်ကျင်ဆန္ဒပြပွဲတွေ အရှိန်မြင့်လာပါတယ်။ 

ဂါဇာဒေသမှာ လှုပ်ရှားနေတဲ့ ဟားမတ်စ် အစ္စလာမ်မစ်အုပ်စုက အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကို တန်ပြန်ပြီး အစ္စရေးရဲ့မြို့ကြီးတွေဆီ ဒုံးကျည်အစင်း ၂၀၀ လောက်ကို ပစ်လွှတ်တိုက်ခိုက်ခဲ့အပြီးမှာ အမေရိကန်နဲ့ အာရပ်သံတမန်တွေက အခြေအနေတွေ တည်ငြိမ်သွားဖို့ နည်းလမ်းတွေ ရှာနေကြပါတယ်။ 

မေ ၁၀ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဂါဇာမှာ ကလေး ၃၄ ယောက်၊ အမျိုးသမီး ၂၁ ယောက် အပါအဝင် လူအနည်းဆုံး ၁၃၆ ယောက် သေဆုံးပြီး လူပေါင်း ၉၅၀ ထိခိုက်ဒဏ်ရာ ရထားတယ်လို့ ပါလက်စတိုင်း ဆေးပညာရှင်တွေက ပြောပါတယ်။

 အစ္စရေးဘက်ကတော့ ဂါဇာနယ်စပ်က စစ်သားတစ်ယောက်အပါအဝင် အရပ်သား ၆ ယောက်၊ ကလေး ၂ ယောက် အားလုံး လူ ၈ ယောက် သေဆုံးပါတယ်။  

7 months Ago
Up