ဂါဇာကမ်းမြောင်

January 3, 2022

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသထဲက ဟားမတ်စ်မှတ်များကို တုံ့ပြန်ပစ်ခတ်

အစ္စရေးက ဂါဇာ ကမ်းမြောင်ဒေသထဲက ဟားမတ်စ်မှတ်တွေကို  ဇန်နဝါရီ ၂ ရက် မနေ့မနက် အစောပိုင်းမှာ လက်တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

စနေနေ့က တယ်အာဗက်ကမ်းလွန်ဒေသမှာ ပါလက်စတိုင်းဘက်က ပစ်လွှတ်လိုက်တဲ့ ရော့ကတ်ဒုံးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကို လက်တုံ့ပြန် တိုက်ခိုက်လိုက်တာလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

စနေနေ့က ပစ်ခတ်မှုနဲ့ပတ်သက်လို့တော့ ဂါဇာမှာ အခြေစိုက်တဲ့ ဘယ်စစ်သွေးကြွအဖွဲ့မှ သူတို့ လက်ချက်လို့ ဝန်ခံထားတာ မရှိသလို၊ ပါလက်စတိုင်း ကမ်းမြောင်ဒေသကို လွှမ်းမိုးတဲ့ ဟားမတ်စ် အဖွဲ့ကလည်း ဘာမှတ်ချက်မှ မပေးပါဘူး။ 

တနင်္ဂနွေနေ့ မနက်ပိုင်း အစ္စရေးဘက် တန်ပြန် ပစ်ခတ်လိုက်တာကြောင့် ထိခိုက်သေဆုံးသူ မရှိဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။ 

အစ္စရေး စစ်တပ်ဘက်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာ ရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ စခန်းတွေကို တိုက်ခိုက်လိုက်တာလို့ ပြောပါတယ်။ 

ဟားမတ်စ် ရေဒီယိုကတော့ သူတို့ အဖွဲ့ရဲ့ လုံခြုံရေး စခန်းတွေနဲ့ သင်တန်းတွေ တိုက်ခိုက်ခံလိုက်ရတယ်လို့ ကြေညာပါတယ်။ ထိခိုက်သေဆုံးတဲ့ သတင်းတွေကတော့ ထွက်ပေါ် မလာသေးပါဘူး။  ဟားမတ်စ်အဖွဲ့ဟာ ပင်လယ်ဘက်ကို ရော့ကတ် ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်လေ့ရှိပြီး အစ္စရေးဘက်ကို ကျရောက်တာက စမ်းသပ်မှုမှာ တစုံတရာမှားယွင်းသွားတာကြောင့် ဖြစ်နိုင်တယ်လို့ ဟားမတ်စ် အဖွဲ့နဲ့ နီးစပ်တဲ့ Paltimes သတင်းဌာနက ဆိုပါတယ်။ 

အစ္စရေး-ဂါဇာ စစ်မြေပြင်မှာ မေလက ပါလက်စ္စတိုင်း ၂၅၃ ယောက် သေဆုံးခဲ့ရတဲ့ ၁၁ ရက်ကြာ စစ်ပွဲပြီးကတည်းက သေနတ်သံတွေ တိတ်ဆိတ်နေခဲ့တာပါ။ မေလက တိုက်ပွဲမှာ ပါလက်စတိုင်းဘက်က ရောကတ်ဒုံးကျည်တွေကြောင့် အစ္စရေးဘက်မှာလည်း လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

11 months Ago

January 2, 2022

ဂါဇာကမ်းမြောင်ဒေသက ဟာမက်ပစ်မှတ်များကို လက်တုံ့ပြန်ပစ်ခတ်ခဲ့ဟု အစ္စရေးပြော

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသထဲက ဟာမက်ပစ်မှတ်တွေကို ဇန်နဝါရီ ၂ ရက်က လက်တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ 

ဇန်နဝါရီ ၁ ရက်က တယ်အာဗက် ကမ်းလွန်ဒေသမှာ ပါလက်စတိုင်းဘက်က ပစ်လွှတ်လိုက်တဲ့ ရော့ကတ်ဒုံးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကို လက်တုံ့ပြန်တိုက်ခိုက်လိုက်တာလို့ ဆိုပါတယ်။

စနေနေ့က ပစ်ခတ်မှုနဲ့ပတ်သက်လို့တော့ ဂါဇာမှာ အခြေစိုက်တဲ့ ဘယ်စစ်သွေးကြွအဖွဲ့မှ သူတို့ လက်ချက်လို့ ဝန်ခံထားတာ မရှိသလို၊ ပါလက်စတိုင်း ကမ်းမြောင်ဒေသကို လွှမ်းမိုးတဲ့ ဟာမက် အဖွဲ့ကလည်း ဘာမှတ်ချက်မှ မပေးပါဘူး။

တနင်္ဂနွေနေ့မနက်ပိုင်းမှာ အစ္စရေးဘက်က တန်ပြန်ပစ်ခတ်လိုက်တာကြောင့် ထိခိုက်သေဆုံးသူ မရှိဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။ 

အစ္စရေး စစ်တပ်ဘက်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ စခန်းတွေကို တိုက်ခိုက်လိုက်တာလို့ ပြောပါတယ်။ 

ဟာမက် ရေဒီယိုကတော့ သူတို့အဖွဲ့ရဲ့ လုံခြုံရေးစခန်းတွေနဲ့ သင်တန်းတွေ တိုက်ခိုက်ခံလိုက်ရတယ်လို့ ကြေညာပြီး ထိခိုက်သေဆုံးတဲ့ သတင်းတွေကတော့ ထွက်ပေါ်မလာသေးပါဘူး။

ဟာမက်အဖွဲ့ဟာ ပင်လယ်ဘက်ကို ရော့ကတ်ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်လေ့ရှိပြီး အစ္စရေးဘက်ကို ကျရောက်တာက စမ်းသပ်မှုမှာ တစုံတရာ မှားယွင်းသွားတာကြောင့် ဖြစ်နိုင်တယ်လို့ ဟာမက်အဖွဲ့နဲ့ နီးစပ်တဲ့ Paltimes သတင်းဌာနက ဆိုပါတယ်။ 

အစ္စရေး-ဂါဇာ စစ်မြေပြင်မှာ မေလက ပါလက်စ္စတိုင်း ၂၅၃ ယောက် သေဆုံးခဲ့ရတဲ့ ၁၁ ရက်ကြာ စစ်ပွဲပြီးကတည်းက သေနတ်သံတွေ တိတ်ဆိတ်နေခဲ့တာပါ။ မေလက တိုက်ပွဲမှာ ပါလက်စတိုင်းဘက်က ရော့ကတ်ဒုံးကျည်တွေကြောင့် အစ္စရေးဘက်မှာလည်း လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

11 months Ago
More News
Up