ဂါဇာကမ်းမြှောင်

May 6, 2018

ဂါဇာကမ်းမြှောင်တွင် ပေါက်ကွဲမှုကြောင့် ဟားမတ်စ်လက်နက်ကိုင် ၆ ဦး သေဆုံး

ဂါဇာကမ်းမြှောင်မှာ မေ ၅ ရက်နေ့က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ဟားမတ်စ်လက်နက်ကိုင် ၆ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဂါဇာမ်းမြောင်ကို ထိန်းချုပ်ထားတဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကတော့ ဒီပေါက်ကွဲမှုအတွက် အစ္စရေးကို အပြစ်တင်ထားပါတယ်။ ဒီပေါက်ကွဲမှုဟာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မပတ်သက်ဘူးလို့ အစ္စရေးစစ်တပ်ပြောခွင့်ရသူက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဂါဇာကမ်းခြေအနားက ဇာဝါဒါရွာပေါ်ကို မီးခိုးလုံး လိမ့်တက်လာတာကို ရိုက်တာသတင်းဌာနက ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဂါဇာမှာ ပါလက်စတိုင်းအချင်းချင်း ခိုက်ရန်ဖြစ်တာနဲ့ စစ်သွေးကြွ အုပ်စုတွေကြား မရည်ရွယ်ဘဲ မတော်တဆ ဖြစ်တာတွေကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။
3 years Ago
Up