ဂရုစိုက်

A d v e r t i s e m e n t With Us

March 30, 2020

ကပ်ဘေးအတွင်း စိတ်ကျန်းမာရေး ဂရုစိုက်ကြရန် ဗြိတိန်တော်ဝင်မင်းသား တိုက်တွန်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကမ္ဘာ့ရောဂါ ကပ်ဘေးအတွင်း စိတ်ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ဗြိတိန်တော်ဝင်မင်းသား ဝီလီယံနဲ့ ကြင်ယာတော် ကိတ်တို့က လူထုကို မတ် ၂၉ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။ “ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ လူတိုင်းဟာ သောကတွေနဲ့ နေမထိ ထိုင်မသာ ဖြစ်ခဲ့ကြတယ်။ ကျနော်တို့ဟာ တယောက်ကို တယောက် ပံ့ပိုးဖို့ အချိန်ယူရမယ်။ စိတ်ကျမ်းမာရေးကို စောင့်ရှောက်ဖို့ နည်းလမ်းတွေ ရှာရမယ်” လို့ ကန်ဆင်တန် နန်းတော်ရဲ့ တွစ်တာအကောင့်မှာ သူတို့က ရေးခဲ့တာပါ။  ကိန်းဘရစ်ချ် မြို့စားနဲ့ မြို့စားကတော်လည်း ဖြစ်တဲ့ တော်ဝင်မောင်နှံဟာ လန်ဒန်တောင်ပိုင်း ခရိုင်ဒွန်မြို့က အမျိုးသားကျန်းမာရေးဌာန အရေးပေါ် ဖုန်းခေါ်ဆိုမှု လက်ခံရေးစင်တာဆီ မတ်လ ၁၉ ရက်က သွားရောက်ခဲ့ပြီး ဝန်ထမ်းတွေနဲ့ စကားပြောခဲ့ ပါသေးတယ်။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးမှာ ရောဂါခြေချုပ်နဲ့ သီးခြားခွဲနေထိုင်ရင်း အခြေအနေ ပိုကောင်းမလာခင် ပိုဆိုးလာနိုင်တယ်လို့ ဗြိတိန်မိသားစု သန်း ၃၀ ဆီ စာရေး သတိပေးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ မတ် ၃၀ ရက်ထိ ကိုရိုနာကူးစက်ခံရသူ ၁၉၅၂၂ ဦး၊ သေဆုံးသူ ၁၂၂၈ ဦးနဲ့ သက်သာပျောက်ကင်းသူ ၁၃၅ ဦးရှိပြီး လာမယ့် သီတင်းပတ်တွေမှာ ကူးစက်မှု အထွဋ်အထိပ် ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
11 months Ago
Up