ဂရီးလစ်ရှ်

September 25, 2018

အက်စတွန်ဗီလာက လူငယ်တိုက်စစ်မှူး ဂရီးလစ်ရှ်ကို ၅ နှစ် သက်တမ်းတိုး

အက်စတွန်ဗီလာအသင်းဟာ လူငယ်တိုက်စစ်ကစာသမား ဂရီးလစ်ရှ်ကို ၅ နှစ်စာချုပ် သက်တမ်းတိုးလိုက်ပါတယ်။ အသက် ၂၃ နှစ်ပဲရှိသေးတဲ့ ဂရီးလစ်ရှ်ကို စပါးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းက ဆက်ထိန်းလိုတာကြောင့် စာချုပ်သက် တမ်းတိုးလိုက်တာပါ။ ဂရီးလစ်ရှ်အနေနဲ့ သူ့ရဲ့ အရင်တပတ်လုပ်ခရဲ့ ၂ ဆဖြစ်တဲ့ ပေါင်လေးသောင်းခွဲ ရမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက်လည်း ကစားလို့ရတဲ့ အိုင်ယန်လန်ဖွားကစာသမား ဂရီးလစ်ရှ် ဟာ အသက် ၈ နှစ်ကတည်းက ဗီလာအသင်းကို ရောက်ရှိနေတာပါ။ အက်စတွန်ဗီလာအသင်းက ချန်ပီယံရှစ်ကလပ်မှာ ကစားနေပြီး လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကို တန်းတက်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
3 years Ago

August 8, 2018

အက်စတွန်ဗီလာ တောင်ပံကစားသမား ဂရီးလစ်ရှ်ကို ခေါ်ယူရန် စပါးအသင်း ကြိုးပမ်း

စပါးအသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင်ကာလမှာ အက်စတွန်ဗီလာ တောင်ပံကစားသမား ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အသက် ၂၂ နှစ်ရှိ ဂရီးလစ်ရှ်အတွက် စပါးအသင်းက ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းထားပြီး ဗီလာအသင်းက အဲဒီထက်ပိုတဲ့ ပြောင်းရွှေ့ကြေး အလိုရှိနေတယ်လို့ သိရပါတယ်။ ဂရီးလစ်ရှ် ကိုယ်တိုင်ကလည်း ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရမယ့် စပါးအသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ ဆိုပါတယ်။ ဗီလာအသင်းနည်းပြ ဘရုစ်ကတော့ ဂရီးလစ်ရှ်ကို ဆက်ထိန်းလားလိုပေမယ့် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို အဆင့်မြင့်ပြိုင်ပွဲတွေကို ကစားသမားတိုင်းက ကစားချင်ကြလို့ အသင်းမှာ ဆက်ထိန်းဖို့ အခက်အခဲ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
3 years Ago
Up