ဂရိတောမီး

July 28, 2018

ဂရိတောမီးကြောင့် သေဆုံးသူ ၈၇ ဦးအထိရှိပြီ

ဂရိနိုင်ငံတောမီးကြောင့် သေဆုံးသူ ဦးရေဟာ ဇူလိုင်လ ၂၇ ရက်နေ့ စာရင်းတွေအရ ၈၇ ဦးအထိ မြင့်တက်လာပြီး ပျောက်ဆုံးသူတွေကိုရှာဖွေကယ်ဆယ်ရေးလုပ်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူ ၁၈၇  ဦး အနက် ၁၁ ဦးဟာ အထူးကြပ်မတ်ကုသမှု ခံယူနေဆဲ ရှိကြောင်း ဆေးဘက်ဝန်ထမ်းတွေက ဆိုပါတယ်။ တောမီးအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို တာဝန်ရှိသူတွေက ထုတ်ပြန်ခြင်း မရှိသေးဘဲ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် တောမီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။ တချိန်တည်းမှာပဲ ဆယ်စုနှစ်ကျော်အတွင်း လူအသေအပျောက်အများဆုံး ဒီဖြစ်ရပ်ဟာ မီးရှို့သူတွေရဲ့ အကွက်ကျကျစီစဉ်မှုကြောင့် ဖြစ်နိုင်တယ်လို့ ဂရိအစိုးရက ပြောကြားခဲ့ကြာင်း စီစီတီဗွီ သတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up