ဂရိပြတိုက်

August 23, 2021

စတာဂျီယွန်လကို ကြည့်ရှုနိုင်ရန် ဂရိပြတိုက်နှင့် ရှေးဟောင်းနယ်မြေများ ဖွင့်လှစ်ပေး

သြဂုတ်လရဲ့ လပြည့်ညကို အများပြည်သူ ခံစားနိုင်ဖို့ ဂရိပြတိုက်တွေနဲ့ ရှေးဟောင်းသုတေသန နယ်မြေတွေကို သြဂုတ် ၂၁ ရက်က ညနက်ပိုင်းထိ ဖွင့်ပေးထားခဲ့ပါတယ်။

စနေနေ့မှာ စတင်ပေါ်ထွက်လာပြီး တနင်္ဂနွေနေ့မှာ အတောက်ပ အပြည့်ဝန်းဆုံး အဆင့်ကို ရောက်လာမယ့် သြဂုတ်လရဲ့ လိမ္မော်ရောင် တောက်ပနေတဲ့ လပြည့်ဝန်းကို ဆောင်နီယွန်အငူက ပိုဆေးဒွန်ဘုရားကျောင်းရဲ့ စကျင်ကျောက်တိုင်လုံးတွေကြားမှာ တွေ့ရတာပါ။

လယ်သမားတွေရဲ့ ရှေးဟောင်းပြက္ခဒိန်အရ လ တွေကို အမေရိကဌာန တိုင်းရင်းသား မျိုးနွယ်စုတွေက မကြာမကြာ နာမည်ပေးခဲ့တာပါ။

သြဂုတ်လရဲ့ လပြည့်ကိုတော့ ခုလိုအချိန်မှာ မြောက်အမေရိက ရေကန်ကြီးတွေမှာ ငါးဖမ်းတဲ့ ဓလေ့အတွင်း ဖမ်းမိလေ့ရှိတဲ့ စတာဂျီယွန်ငါးတွေကို ရည်ညွှန်းပြီး စတာဂျီယွန် လ လို့ ခေါ်ဆိုကြပါတယ်။

တခြားမျိုးနွယ်စုတွေကတော့ သူတို့နယ်မြေမှာ ကောက်ပဲသီးနှံ ရိတ်သိမ်းတဲ့ကာလ ဖြစ်လို့ ကောက်ရိတ်သိမ်းလလို့ ခေါ်ဝေါ် ကြပါတယ်။

သြဂုတ်လရဲ့လပြည့်ညကို ဂုဏ်ပြုတဲ့အနေနဲ့ ဂရိနိုင်ငံတလွှားမှာ နှစ်စဉ် ကျင်းပနေတဲ့ ပွဲတော်တွေ ယဉ်ကျေးမှုပွဲစဉ်တွေ အမျိုးမျိုးကိုလည်း စီစဉ်ကျင်းပခဲ့ပါတယ်။

ပါသီနွန်ကျောင်းတော် ရှုခင်းနဲ့ ရှေးဟောင်းတောင်ကုန်းရဲ့ အခြေက အက္ခရိုပိုလစ်ပြတိုက်ရဲ့ လှေကားထစ်တွေပေါ်မှာ စန္ဒရား ဖျော်ဖြေပွဲကိုလည်း ကျင်းပခဲ့ပါတယ်။

3 months Ago
Up