ဂရိနိုင်ငံမှာ ၁၅ နှစ်သား ဆယ်ကျော်သက်ကို ရဲက သတ်ဖြတ်မှု ၁၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲကို မြို့တော် အေသင်မှာ ဒီဇင်ဘာ ၆ ရက်မှာ ချီတက်နေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက တားမြစ်ဖို့ ကြိုးစားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး တိုက်ဖျက်ရေး အစိတ်အပိုင်းအနေနဲ့ ပြည်လုံးကျွတ် အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားတဲ့အတွက် လူစုလူဝေးလုပ်တာကို တားမြစ်ပိတ်ပင် ထားတာပါ။
တားမြစ်ပိတ်ပင်ချက်ကို ဖီဆန်သူတွေဟာ ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
မြို့တော်က လမ်းတွေတလွှား တားမြစ်ပိတ်ပင်ချက် အသက်ဝင်စေဖို့ ထောင်ချီတဲ့ ရဲအရာရှိတွေ လမ်းတွေပေါ်မှာ အပြည့်နေရာယူထားပါတယ်။
အေသင်မြို့လယ်ခေါင်က ချီတက်ပွဲမှာ ပါဝင်သူ အယောက် ၁၀၀ ထက် မနည်း ထိန်းသိမ်းခံရပါတယ်။
ဆန္ဒပြသူတွေက ရဲတွေကို ထိပ်တိုက်တွေ့ခဲ့လို့ တင်းမာမှု မြင့်နေပါတယ်။
ဂရိနိုင်ငံမှာ အသွားအလာ ပိတ်ဆို့ကန့်သတ်တာကို ဒီဇင်ဘာ ၁၄ ရက်ထိ ထားဖို့ ကြာသပတေးနေ့က သက်တမ်းတိုးခဲ့ပါတယ်။
နိုင်ငံထဲမှာတော့ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် အသစ် ကူးစက်ခံဦးရေ တိုးနေပြီး အာဏာပိုင်တွေ အခက်တွေ့နေပါတယ်။
4 months Ago