ဥရောပသမဂ္ဂ အီးယူဟာ ဂရိကျွန်းတွေပေါ်မှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို တဦးလျှင် ယူရိုနှစ်ထောင်ပေးပြီး ပြန်လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြ ပါတယ်။
အီးယူအနေနဲ့ ဂရိကျွန်းတွေပေါ်က ကျပ်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေထဲကနေ ဇာတိနိုင်ငံကို ပြန်ချင်တဲ့သူတွေကို တယောက် ယူရို နှစ်ထောင်ပေးသွားမှာလို့ မတ်လ ၁၂ ရက်မှာ အီးယူ ပြည်ထဲရေးရာကော်မရှင်နာမင်းကြီးက အေသင်မြို့တော်မှာ ကြေညာခဲ့တာပါ။
ဒီအစီအစဉ်ကို အီးယူဟာ ဂရိနဲ့သဘောတူညီချက်ယူခဲ့ပြီး ဇန်နဝါရီလ ၁ ရက် မတိုင်ခင် ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် အချိန်တလသာ အကျုံးဝင်မယ်လို့ ဆိုပါတယ်။
ဒီလအတွင်း ရာနဲ့ချီတဲ့ရွှေ့ပြောင်းဒုက္ခသည်တွေဟာ တူရကီနယ်စပ်အနီးက ဂရိကျွန်းတွေဆီ လှေတွေနဲ့ ရောက်လာပြီး မူလက ဒုက္ခသည်ဦးရေ လေးသောင်းကျော်ရှိတဲ့ ကျွန်းတွေပေါ်က စခန်း တွေမှာ နောက်ထပ် ရွှေ့ပြောင်းတွေ ပိုရောက်လာခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
12 months Ago