နေတိုးစစ်ရေးလေ့ကျင့်ခန်းတွေမှာပါဝင်နေတဲ့ ကနေဒါရဟတ်ယာဉ်တစ်စင်းဟာ ဂရိကမ်း လွန်မှာ ပျောက်ဆုံးသွားပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့ ကနေဒါစစ်တပ်က ဧပြီလ ၂၉ ရက်မှာ ပြောပါတယ်။
HMCS ဖရီဒီရစ်တွန် သင်္ဘောပေါ်မှာဖြန့်ကြက်ခဲ့တဲ့ CH-148 ဆိုင်ကလုန်း ရဟတ်ယာဉ်ဟာ သင်္ဘောနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ကနေဒါစစ်တပ်ကသတင်း ထုတ်ပြန်ခဲ့ပြီး အသေးစိတ်ကိုတော့ မပြောကြားခဲ့ပါဘူး။
ကနေဒါရဟတ်ယာဉ်ဟာ ဂရိပိုင် စီဖာလွန်ညာကျွန်းကနေ မိုင် ၅၀ အကွာ ဂရိထိန်းချုပ်ဇုန် ပြင်ပကို ရောက်ခဲ့တယ်လို့ အီတလီသတင်းစာက ဖော်ပြပါတယ်။
ဒါ့အပြင် ရဟတ်ယာဉ်ပေါ်လိုက်ပါသွားတဲ့ လူ ၆ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ အီတလီသတင်းစာကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။
10 months Ago