ဂရာနစ်ချာကာ

November 8, 2019

ကွင်းလယ်လူ ချာကာအား ရောင်းချရန် အာဆင်နယ်ပြင်ဆင်

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ဂရာနစ်ချာကာကို ဘွန်ဒက်စ်လီဂါ ကလပ်တွေဆီကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ချာကာဟာ ခရစ္စတယ်ပဲလေ့အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက် ပရိသတ်တွေကို ဆဲဆိုမူတခုပြုလုပ်ခဲ့ပြီး အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။  အဲဒီပွဲပြီးနောက် အသင်းရဲ့ပွဲစဉ် ၃ ပွဲစလုံးမှာ ချန်လှပ်ခံခဲ့ရတဲ့ ချာကာဟာ အာဆင်နယ်အသင်းမှာ အဆင်မပြေဖြစ်နေခဲ့တာပါ။  ဒါကြောင့် ချာကာကို ရောင်းချသွားဖို့ အာဆင်နယ်အသင်းက စဉ်းစားနေပြီး ဘွန်ဒက်စ်လီဂါကလပ်တွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်
1 year Ago
Up