ဂရတ်ဘေးကို ခေါ်ယူရန် မန်ယူ ကြိုးစား၊ ဗန်ပါစီနှင့်ဒီမာရီယာ ထွက်ခွာဖွယ်ရှိ

July 11, 2015

ဂျာမနီအလယ်တန်း ရှဝိန်းစတိုင်ဂါကို မန်ယူ ခေါ်ယူရန် နီးစပ်

အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် အသင်းက ဂျာမနီအလယ်တန်းလူ ဘတ်စတီယန် ရှဝိန်းစတိုင်ဂါကို လတ်မှတ်ရေးထိုး ခေါ်ယူဖို့ နီးစပ်နေပါပြီ။ ဂျာမနီ ဘွန်ဒစ်လီဂါ ဘိုင်ယန်မြူနစ်ကလပ်က အသက် ၃၀ အရွယ် စတိုင်ဂါက ၂၀၁၆ သက်တမ်းရှိ စာချုပ်ကို သက်တမ်းမတိုးချင်ဘူးလို့ ပြောဆိုထားပါတယ်။ ကလပ်အသင်း ၂ ခုက ရောင်းချဖို့ ဈေးကို သဘောတူဖို့ လိုသလို မန်ယူကတော့ စတိုင်ဂါရဲ့ လစာကို အမြောက်အမြားတိုးပေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ၂၀၀၂ ခုနှစ် ဘိုင်ယန်မှာ စတင်ကစားခဲ့ပြီးနောက် အသင်းအတွက် ၅၃၆ ပွဲကို စတိုင်ဂါက ကစားပေးထားပါတယ်။ စတိုင်ဂါဟာ စပိန် ရီးရဲမက်ဒရစ်က နောက်ခံလူ ဆာဂျီယို ရာမိုစ်နဲ့ အတူ မန်ယူရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မန်ယူက တောင်ပံတိုက်စစ်မှူး ဒီပေးကို ခေါ်ယူထားသလို အီတလီ ခံစစ်မှူး မက်သီယို ဒါမီယန်ကို ပေါင် ၁၃ သန်းတန်နဲ့ ခေါ်ယူဖို့ ဆေးစစ်တာတွေ လုပ်ဆောင်နေပါတယ်။  
6 years Ago

July 5, 2015

နာနီကို ဖီနာဘာချီက ပေါင် ၄ သန်းကျော်ဖြင့် ခေါ်ယူ

တူရကီကလပ် ဖီနာဘာချီက မန်ချက်စတာ ယူနိုက်တက် တောင်ပံသမား နာနီကို ပေါင် ၄ သန်းကျော်နဲ့ ခေါ်ယူလိုက်ပြီး ဇူလိုင် ၅ ရက်နေ့ ဆေးစစ်မှု ခံယူမှာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် နာနီဟာ ၂၀၀၇ က ပေါ်တူဂီကလပ် စပို့တင်း လစဘွန်းအသင်းကနေ အိုးထရက်ဖို့ကလပ်ကို  ရောက်ခဲ့တာပါ။ နာနီဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မန်ယူအသင်းမှာ ခြေစွမ်းမပြနိုင်တဲ့အတွက် မနှစ်က ဘောလုံးရာသီမှာ ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်းကို အငှားချထားခဲ့ရပြီး ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် တောင်ပံသမား နာနီဟာ မန်ယူမှာ ကစားသမား သက်တမ်းအတွင်းမှာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရဖူးထားပါတယ်။ သူဟာ ပေါ်တူဂီအသင်းအတွက် ၈၆ ပွဲ ကစားပေးထားပြီး ၁၅ ဂိုး သွင်းပေးထားပါတယ်။
6 years Ago
More News
Up