ဂရစ်မန်း

June 19, 2021

ဂရစ်မန်းဟာ သမိုင်းတလျှောက် အကောင်းဆုံးကစားသမားဖြစ်ဟု ပြင်သစ်နည်းပြချီးကျူး

ဂရစ်မန်းဟာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်တယ်လို့ ပြင်သစ် နည်းပြ ဒက်ချမ့်က ချီးကျူးပါတယ်။

ဘာစီလိုနာ ကစားသမား ဂရစ်မန်းဟာ ဒီည ဟန်ဂေရီအသင်းနဲ့ကစားမယ့်ပွဲစဉ်မှာ ပြင်သစ်အတွက် ပွဲ ၅ဝ ဆက်တိုက်ကစားခွင့်ရတဲ့သူ ဖြစ်လာမှာပါ။ 

၂၀၁၄ ခုနှစ်ကတည်းက လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရတဲ့ ဂရစ်မန်းဟာ နိုင်ငံအတွက် ၉၂ ပွဲ ကစားပြီး ၃၇ ဂိုး သွင်းယူထားတာပါ။ 

ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ပြင်သစ်အသင်းရဲ့ ပြိုင်ပွဲအဆင့်ပွဲစဉ် ၃၅ ပွဲစလုံး ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဥရောပမှာတင်မဟုတ်ဘဲ ကမ္ဘာ့မိုင်းမှာလည်း အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်တယ်လို့ ဒက်ချမ့်က ချီးကျူးခဲ့တာပါ။

“သူက ပရော်ဖက်ရှင်နယ်သိပ်ဆန်ပြီး ဒဏ်ရာပြဿနာတွေနဲ့ မတွေ့အောင်လည်း လုပ်ဆောင်နိုင်ခဲ့တယ်။ သူက အသက် ၂ဝ လောက်ကလို ငယ်ရွယ်တော့မှာ မဟုတ်ပေမဲ့ သူ့ကိုယ်သူ အလွန် ဂရုစိုက်ပါတယ်။ အချက်အလက်တွေကလည်း  စကားပြောနေပါတယ်။ သူက အသင်းမှာလွှမ်းမိုးမှုရှိတဲ့ ကစားသမားဖြစ်ပြီး သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေကိုလည်း မြင်နိုင်ပါတယ်” လို့ ပြင်သစ်နည်းပြ ဒက်ချမ့်က ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

4 months Ago

October 16, 2020

ခရိုအေးရှားနှင့်ပွဲတွင် နိုင်ငံတကာသွင်းဂိုး ၃၃ ဂိုး ပြည့်ခဲ့သည့် ဂရစ်မန်း

မိမိဘယ်နေရာမှာ ကစားနိုင်လဲဆိုတာ ပြင်သစ်နည်းပြ ဒက်ချမ့်ကသာ သိရှိတယ်လို့ တိုက်စစ်ကစားသမား ဂရစ်မန်းက ပြောပါတယ်။  ဘာစီလိုနာကစားသမား ဂရစ်မန်းဟာ ကလပ်အသင်းမှာ တောင်ပံထွက်ကစားနေရပြီး ခြေစွမ်းပြသဖို့ ရုန်းကန်နေရတာပါ။  ပြင်သစ်လက်ရွေးစင်အသင်းမှာတော့ မာစီယယ်နဲ့အမ်ဘာပေတို့ရဲ့ နောက်ချန်တိုက်စစ်မှူး နေရာကနေ ကစားခဲ့ပြီး ခရိုအေးရှားနဲ့ပွဲမှာ အနိုင်ဂိုး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။  နည်းပြဒက်ချမ့်က မိမိဘယ်နေရာမှာကစားနိုင်သလဲဆိုတာ သိရှိပြီး နည်းပြနဲ့ အသင်း ဖော်တွေရဲ့ ယုံကြည်မှုကြောင့် အဲဒီလို အားသာချက်ကို အသုံးချနိုင်ခဲ့တာလို့ ဂရစ်မန်းကပြောပါတယ်။  ဂရစ်မန်းဟာ ခရိုအေးရှားနဲ့ပွဲမှာ နိုင်ငံတကာသွင်းဂိုး ၃၃ ဂိုး ပြည့်ခဲ့ပြီး ပြင်သစ်အတွက် ပဉ္စမ မြောက်ဂိုး အများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ 
1 year Ago
More News
Up