တရုတ်နိုင်ငံက ဝီဂါ မွတ်စလင်ကိစ္စနဲ့ ပတ်သက်ပြီး ဟွာဝေးကုမ္ပဏီနဲ့ လက်တွဲဖြုတ်လိုက်တယ် လို့ ဘာစီလိုနာတိုက်စစ်မှူး ဂရစ်မန်းက ပြောပါတယ်။
ပြင်သစ်ကစားသမား ဂရစ်မန်းဟာ ဟွာဝေးနည်းပညာကုမ္ပဏီနဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုထားတာပါ။
ဂရစ်မန်းအနေနဲ့ တရုတ်နိုင်ငံမှာရှိတဲ့ ဝီဂါမွတ်စလင်လူနည်းစုတွေကို ပြုမူဆက်ဆံပုံနဲ့ ပတ်သက်ပြီး လက်ခံနိုင်စရာ မရှိတာကြောင့် စပွန်စာချုပ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
ဂရစ်မန်းဟာ သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေလည်း ဟွာဝေးနဲ့ စာချုပ်ဖျက် သိမ်းကြောင်း စာရေးသားပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
ဟွာဝေးကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တာတွေကို ချက်ခြင်း အဆုံးသတ်မယ်ဆိုတာ ကြေညာကြောင်း ဂရစ်မန်းက ရေးသားခဲ့တာပါ။
တရုတ်နိုင်ငံက လူနည်းစု ဝီဂါလူမျိုးတွေနဲ့ ပတ်သက်ပြီး ဂရစ်မန်းအပြင် အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်ကလည်း ဝေဖန်ခဲ့ ဖူးပါတယ်။
3 months Ago