ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ဖီဖာကထုတ်ပြန်မယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းမှာ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂရစ်မန်း ပါဝင်သင့်တယ်လို့ ပြောပါတယ်။
“ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်သင့်တဲ့လူတွေက အများကြီးမရှိပါဘူး။ အဲဒီထဲမှာ ရော်နယ်ဒိုနဲ့ ဂရစ်မန်းလည်း ပါပါတယ်။”
ဒါပေမယ့် သူ့အနေနဲ့ ဒီဆုကို ပေးရမယ်ဆိုရင်တော့ ရော်နယ်ဒိုကိုပဲ ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
ရီးရဲလ်ဟာ လောလောဆယ် လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
4 years Ago