ဂရင်းစလင်း ချန်ပီယံဆုနှင့်အတူ ကမ္ဘာ့နံပါတ် ၁ ဖြစ်လာသည့် ဝေါ်ဇ်နီယာကီ

January 29, 2018

ဂရင်းစလင်း ချန်ပီယံဆုနှင့်အတူ ကမ္ဘာ့နံပါတ် ၁ ဖြစ်လာသည့် ဝေါ်ဇ်နီယာကီ

ဂရင်းစလင်းချန်ပီယံဆုနဲ့အတူ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာတာကြောင့် မိမိအိပ်မက်တွေ အမှတ်တကယ် ဖြစ်လာပြီလို့ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူခဲ့တဲ့ ဝေါ်ဇ်နီယာကီက ပြောလိုက်ပါတယ်။ အသက် ၂၇ နှစ်ရှိ ဒိန်းမတ်တင်းနစ်မယ် ဝေါ်ဇ်နီယာကီဟာ ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲတွေမှာ တကြိမ်မှ ချန်ပီယံဆု ရယူဖူးခြင်း မရှိခဲ့ပေမယ့် အခုနှစ် သြစတြေးလျအိုးပင်းမှာတော့ ရိုမေးနီးယားက ဆိုင်မွန်နာဟေးလက်ကို အနိုင်ယူပြီး ပထမဆုံး ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။ ပထမဆုံး ဂရင်းစလင်းချန်ပီယံဆု ရယူနိုင်ခဲ့လို့ ပျော်ရွှင်မိပြီး မမေ့နိုင်စရာ အခိုက်အတန့် ဖြစ်ခဲ့တယ်လို့ ဝေါ်ဇ်နီယာကီက ဆိုပါတယ်။ ဝေါ်ဇ်နီယာကီ ချန်ပီယံဆုရခဲ့တာနဲ့ပတ်သက်ပြီး ကလေးမီးဖွားပြီးစဖြစ်တာကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ချန်ပီယံ ဆရီနာဝီလျံကလည်း ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
3 years Ago
Up