ဂရက်​ဇ်​မန်

April 13, 2018

ဂရက်​ဇ်​မန်း ခြေစွမ်းကို ကာကွယ်ပြောဆိုခဲ့သည့် ဆီမြွန်နီ

အက်​သလက်​တီကိုအသင်း နည်းပြ ဆီမြွန်​နီဟာ အသင်းတိုက်​စစ်​မှူး ဂရက်​ဇ်​မန်းရဲ့ ​ခြေစွမ်းနဲ့ပတ်​သတ်​လို့ ကာကွယ်​​ပြောဆိုသွားပါတယ်​။  မ​နေ့ညက ယှဉ်​ပြိုင်​ကစားခဲ့တဲ့ ယူရိုပါလိဂ်​ကွာတားဖိုင်​နယ်​ စပို့တင်းလစ္စဘွန်းအသင်းနဲ့ပွဲစဉ်​မှာ ​ခြေစွမ်းဆိုးရွားခဲ့သလို ​နောက်​ဆုံးအချိန်​မှာရရှိခဲ့တဲ့ အခွင့်​အ​ရေး နှစ်​ကြိမ်​ကို လွဲ​ချော်​ခဲ့တဲ့ ဂရက်​ဇ်​မန်းကို ကာကွယ်​​ပြောဆိုခဲ့တာပါ။ ဆီမြွန်​နီက အသင်းအ​နေနဲ့ ၂ ဂိုးရခဲ့သင့်​တာ မှန်​​ပေမယ့်​ ​ပွဲအပြီးမှာ ​နောက်​တဆင့် တက်​နိုင်​ခဲ့​တာ​ကြောင့် ​ပျော်​ရွှင်​​နေတယ်​လို့ ဆိုပါတယ်​။ ​နောက်​တ​ခုက​တော့ အသင်းအ​နေနဲ့ သူ့ဘာသာ ပြန်​လည်​တည်​​ဆောက်​လာနိုင်​တယ်​လို့ ​ပြောပါတယ်​။ ဒါ​ပေမယ့်​လည်း အသင်းရဲ့ ကစားသမားနှစ်​ဦးဖြစ်​တဲ့ ဒီ​ယေဂို​ကော်​စတာနဲ့ လူးကပ်​စ်​တို့ ဒဏ်​ရာရရှိခဲ့တယ်​လို့ ​ပြောကြားခဲ့ပါတယ်​။ ၂၀၁၀ ပြည့်နှစ်​နဲ့ ၂၀၁၂ ပြည့်နှစ်​တို့မှာ ယူရိုပါလိဂ်​ဖလားရရှိထားတဲ့ အက်​သလက်​တီကိုအသင်းဟာ အခုနှစ်​မှာလည်း ဗိုလ်​ဆွဲဖို့ အာဆင်​နယ်​အသင်းနဲ့ အပြိုင်​ ​ရေပန်းစား​နေပါတယ်​။ ဂရက်​ဇ်​မန်းဟာ လာမယ့်နွေရာသီအ​ပြောင်းအ​ရွှေ့မှာ အသင်းက​နေထွက်​ခွာပြီး ဘာစီလိုနာအသင်းကို ​ပြောင်း​ရွှေ့မယ်​လို့ သတင်း​တွေ ထွက်​​ပေါ်​နေသူလည်း ဖြစ်​ပါတယ်​။
3 years Ago
Up