ဂရက်ဇ်မန်း

A d v e r t i s e m e n t With Us

May 2, 2017

တိုက်စစ်မှူး ဂရက်ဇ်မန်းကို ဝယ်ယူပါက မန်ယူအနေဖြင့် စံချိန်တင်လုပ်ခ ပေးချေရဖွယ်ရှိ

မန်ယူအသင်းအနေနဲ့ အက်သလက်တီကို တိုက်စစ်မှူး ဂရက်ဇ်မန်းကို ဝယ်မယ်ဆိုရင် စံချိန်တင်လုပ်ခ ပေးချေရဖွယ် ရှိနေပါတယ်။ နည်းပြမော်ရင်ဟိုဟာလည်း လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဂရက်ဇ်မန်းကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေပြီး ၅ နှစ်စာချုပ် ချုပ်ဆိုမယ်ဆိုရင် ပြောင်းရွှေ့ကြေးအပါအဝင် စုစုပေါင်း  ပေါင် ၁၅၅ သန်းအထိ ပေးချေရနိုင်တယ်လို့ သိရပါတယ်။ ဂရက်ဇ်မန်းအတွက် တပတ်လုပ်ခဟာလည်း ပေါင် ၂ သိန်း ၉ သောင်း ၅ ထောင်ခန့် ပေးချေရနိုင်တဲ့အတွက် ပေါ့ဂ်ဘာ၊ ရွန်နီတို့နဲ့အတူ ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံးရရှိတဲ့ ကစားသမားစာရင်းဝင်သွားမှာပါ။ မန်ယူအသင်းအနေနဲ့ ဂရက်ဇ်မန်းကို ခေါ်ယူနိုင်ဖို့အတွက် တပတ်လုပ်ခ ပေါင် ၃ သိန်းနီးပါး ပေးချေနေရတဲ့ အသင်းခေါင်းဆောင် ရွန်နီကိုလည်း ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်ရှိ ပြင်သစ်လက်ရွေးစင် ဂရက်ဇ်မန်းဟာ ပြီးခဲ့တဲ့နှစ်ကမှ ၂၀၂၁ ခုနှစ်အထိ အက်သလက်တီကိုအသင်းမှာ ရှိစေမယ့် စာချုပ်သစ် ချူပ်ဆိုထားတာပါ။ ဂရက်ဇ်မန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ စုစုပေါင်း ၄၈ ပွဲကစားပြီး ၂၅ ဂိုး သွင်းယူထားပါတယ်။
4 years Ago

August 23, 2016

ပရီးမီးယားလိဂ်တွင် လာရောက်ကစားဖွယ်ရှိဟု တိုက်စစ်မှူး ဂရက်ဇ်မန်း ပြော

အက်သလက်တီကိုကနေ ထွက်ခွာဖြစ်ရင် ပရီးမီးယားလိဂ်မှာ လာရောက်ကစားဖြစ်ဖွယ်ရှိတယ်လို့ ပြင်သစ်တိုက်စစ်မှူး ဂရက်ဇ်မန်းက ပြောကြားလိုက်ပါတယ်။ ဂရက်ဇ်မန်းအနေနဲ့ လက်ရှိအချိန်မှာတော့ အက်သလက်တီကိုကနေ ထွက်ခွာဖို့ ဆန္ဒမရှိသေးဘဲ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အချိန်မှာတော့ ပရီးမီးယားလိဂ်မှာ လာရောက်ကစားဖို့ စဉ်းစားမယ်လို့ ဆိုပါတယ်။ အသက် ၂၅ နှစ်ရှိ ဂရက်ဇ်မန်းဟာ အက်သလက်တီကိုအသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးထားပြီး အသင်းနဲ့အတူ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူပေးချင်တယ်လို့လည်း ဆိုပါတယ်။ အင်္ဂလန်နဲ့ မန်ယူကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့ စံပြကစားသမားဖြစ်ပြီး ကျောနံပါတ် ၇ ဟာ ဘက်ခမ်းဝတ်ဆင်ခဲ့တဲ့ နံပါတ်ဖြစ်တာကြောင့် သူ့အနေနဲ့လည်း ကျောနံပါတ် ၇ ကို ရွေးချယ်ဝတ်ဆင်နေတာ ဖြစ်တယ်လို့လည်း ဂရက်ဇ်မန်းက ဆိုပါတယ်။
5 years Ago
Up