ရော်နယ်ဒိုရဲ့ အမာခံပရိသတ်တဦးဖြစ်ပေမယ့် မက်ဆီကသာ အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာက သုံးသပ်လိုက်ပါတယ်။
မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံးဆု ၁၁ ကြိမ်အထိ ရရှိခဲ့ကြသူတွေပါ။
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ၆ ကြိမ်၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက ၅ ကြိမ် ရရှိထားပါတယ်။
ကမ္ဘာ့အကောင်းဆုံးကစားသမားနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ငြင်းခုံစရာတွေ မရှိသင့်ကြောင်းနဲ့ မက်ဆီကသာ အကောင်းဆုံးကစားသမား ဖြစ်တယ်လို့ ဘာစီလိုနာတိုက်စစ်မှူးဟောင်းဖြစ်သူ ဂယ်ရီလိုင်နီကာက ပြောပါတယ်။
မက်ဆီက အကောင်းဆုံးလို့ ပြောပေမယ့်လည်း စီရော်နယ်ဒိုရဲ့ အမာခံပရိသတ်တဦးလည်း ဖြစ်တယ်လို့ ဂယ်ရီလိုင်နီကာက ပြောပါတယ်။
9 months Ago