ဂယ်ရီနဗီးလ် ချီးကျူး

January 12, 2020

ဖေမီနိုကို နည်းပြတိုင်းက ကြိုက်နှစ်သက်မည်ဟု ဂယ်ရီနဗီးလ် ချီးကျူး

လီဗာပူး တိုက်စစ်မှူး ဖေမီနိုလို ကစားသမားကို နည်းပြတိုင်းက ကြိုက်နှစ်သက်မှာ ဖြစ်တယ်လို့ ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ချီးကျူးလိုက်ပါတယ်။ မန်ယူ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ဟာ စပါးနဲ့ လီဗာပူးပွဲစဉ်ကို စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့ပြီး အနိုင်ဂိုးသွင်းခဲ့တဲ့ ဖေမီနိုကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ ဖေမီနိုလို တိုက်စစ်မှူးကို အသင်းနည်းပြတိုင်းက သဘောကျမှာဖြစ်ပြီး သူဟာ အလွန်ထူးချွန်သူ ဖြစ်တယ်လို့ နဗီးလ်က ဆိုပါတယ်။ ဒါ့အပြင် တကိုယ်ကောင်းဆန်မှု မရှိသလို အသင်းလိုက် ကစားပုံရော အဆုံးသတ်စွမ်းရည်မှာပါ ကောင်းမွန်သူဖြစ်တယ်လို့  နဗီးလ်က ချီးကျူးခဲ့တာ ဖြစ်ပါတယ်။  လီဗာပူးအသင်းဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ ဖေမီနိုရဲ့ တလုံးတည်းသော အနိုင်ဂိုးကြောင့် ဒုတိယနေရာက လက်စတာကို ၁၆ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။   အသက် ၂၈ နှစ်ရှိ ဘရာဇီးလက်ရွေးစင် ဖေမီနိုဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် ၂၁ ပွဲ ကစားအပြီးမှာ ၇ ဂိုး သွင်းယူထားပါတယ်။
3 years Ago
Up