ပြီးခဲ့တဲ့လက ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဂမ်ဘီယာသမ္မတက ဆင်းပေးဖို့ ငြင်းဆန်နေပြီး အိမ်နီးချင်းနိုင်ငံတွေက စစ်ရေးအရ အရေးယူဖို့ ပြင်ဆင်ထားကြပါတယ်။
ဒီနေ့မှာ အရွေးကောက်ခံသမ္မတ Adama Barrow က ကျမ်းသစ္စာကျိန်ဆိုရမှာဖြစ်ပေမယ့် သမ္မတ ဂျမ်မာက နောက်ဆုံးဆင်းပေးရမယ့်ရက်ကို လျစ်လျူရှုခဲ့တာပါ။
အနောက်အာဖရိကတပ်ဖွဲ့တွေက စစ်ရေးအရ ဝင်ရောက်အရေးယူဖို့ နိုင်ဂျီးရီးယားနိုင်ငံ ဦးဆောင်တဲ့ အိမ်နီးချင်းနိုင်ငံတွေက ထောက်ခံကြပါတယ်။
မောရစ်သျှသမ္မတက သမ္မတဟောင်းနဲ့ သမ္မတသစ်အကြား နောက်ဆုံးအချိန်အထိ စေ့စပ်ဆွေးနွေးခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။
နောက်ဆုံးသတ်မှတ်ချိန် ဇန်နဝါရီ ၁၈ ရက်ညက ကုန်ဆုံးသွားပေမယ့်လည်း ဆီနီဂေါတပ်တွေကတော့ နယ်စပ်မှာပဲ ဆက်လက်တပ်စွဲထားပါတယ်။
ဂမ်ဘီယာတပ်ချုပ်ကတော့ ဆီနီဂေါတပ်တွေ ဂမ်ဘီယာနိုင်ငံထဲ ဝင်ရောက်လာရင်လည်း ပြန်လည်တိုက်ခိုက်မှာ မဟုတ်ဘူး၊ နိုင်ငံရေးပြဿနာဖြစ်လို့ ဂမ်ဘီယာစစ်တပ်က ပါဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
သမ္မတ ဂျမ်မာဟာ ဇန်နဝါရီ ၁၈ ရက် ညက သူ့ရဲ့သမ္မတသက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပေမယ့် လွှတ်တော်ကတော့ သူ့ကို နောက်ထပ် ၃ လ ဆက်လက်ခွင့်ပြုထားပါတယ်။
သမတ ဂျမ်မာဟာ ၁၉၉၄ ခုနှစ် စစ်အာဏာသိမ်းခဲ့ပြီးကတည်းက သမ္မတဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
6 years Ago