ဂမ္ဘီယာသမၼတ ယာဟယာ ဂ်ာမာက နိုင်ငံတွင်း အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီ ၁၇ ရက်နေ့က နိုင်ငံပိုင်ရုပ်သံကနေ ကြေညာပါတယ်။
သူ့ရဲ့ တရားဝင်လုပ်ပိုင်ခွင့်အာဏာ သက်တမ်းမကုန်ခင် တရက်အလိုမှာ ခုလို ကြေညာလိုက်တာပါ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အတိုက်အခံခေါင်းဆောင် အာဒါမာ ဘာရိုးကို အာဏာလွှဲပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာချက်ရဲ့ အသေးစိတ် တိကျတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ချက်ချင်း မသိရသေးပါဘူး။
ဇန်နဝါရီ ၁၉ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ခံသမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပေါ် ဂယက်ရိုက်နိုင်စွမ်းကိုလည်း မသိရသေးပါဘူး။
ဇန်နဝါရီ ၁၇ ရက်နေ့ အစောပိုင်းက ဂျာမာရဲ့ အစိုးရအဖွဲ့ကနေ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးတွေ ရာထူးက နုတ်ထွက်ခဲ့ကြတယ်လို့ နိုင်ငံပိုင်ရုပ်သံက ပြောပါတယ်။
လာမယ့် ဇန်နဝါရီ ၁၉ ရက်နေ့မှာ သမ္မတရာထူးက ဆင်းမပေးရင် စစ်ပြန် စစ်မှုထမ်းဟောင်း သမ္မတကို ရာထူးက ဖြုတ်ချဖို့ ဒေသတွင်း တပ်တွေက ပြင်ဆင်ခဲ့ပြီးပါပြီ။
ဂျာမာဟာ ၁၉၉၄ အာဏာသိမ်းမှုပြီးတည်းက အာဏာရခဲ့သူပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးကတည်းက အိမ်နဲ့ နိုင်ငံခြားမှာ သီးခြားနေခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံဟာ ဗြိတိသျှကိုလိုနီအဖြစ်ကနေ ၁၉၆၅ ခုနှစ်မှာ လွတ်လပ်ရေး ရပြီးတည်းက ခုထိ သမ္မတ ၂ ဆက်ကသာ အာဏာကို ချုပ်ကိုင်ထားခဲ့တာပါ။
ဂျာမာ ရွေးကောက်ပွဲ ရှုံးနိမ့်အပြီး နိုင်ငံတွင်းအကျပ်အတည်းကို တွန်းပို့သလို ဖြစ်ခဲ့ပါတယ်။
အစိုးရဘက်က ဘက်ပြောင်းခိုလှုံသူတွေနဲ့ ရာနဲ့ချီတဲ့ နိုင်ငံသားတွေဟာလည်း အကြမ်းဖက်မှုကို စိုးရိမ်လို့ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။
6 years Ago