ဂန်ဒိုဂန်

A d v e r t i s e m e n t With Us

June 15, 2019

မန်စီးတီးနှင့်အတူ ကွင်းလယ်လူ ဂန်ဒိုဂန် စံချိန်တင်နိုင်ခဲ့

မန်စီးတီးကွင်းလယ်ကစားသမား ဂန်ဒိုဂန်ဟာ ၂၀၁၈၊ ၂၀၁၉ တရာသီအတွင်း တဂိုးဂိုးမရှိကနေ ၉ ဂိုးပြတ်ထိ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွေမှာ ပါဝင်ခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဂန်ဒိုဂန်ဟာ မန်စီးတီးအသင်းနဲ့အတူ FA ဖလား ဆီးမီးဖိုင်နယ်မှာ ဘရိုက်တန်ကို ၁ ဂိုးဂိုးမရှိ၊ မန်ချက်စတာယူနိုက်တက်အသင်းကို ၂ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်နဲ့ ဒုတိယအကျော့ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဝက်စ်ဟမ်ကို ၄ ဂိုးဂိုးမရှိ၊ ကာဒစ်ဖ်ကို ၅ ဂိုးဂိုးမရှိ၊ ချဲလ်ဆီးအသင်းကို ၆ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဥရောပပွဲစဉ်ဖြစ်တဲ့ ရှော်ကီကို ၇ဂိုးပြတ်နဲ့အနိုင်ရတဲ့ ပွဲစဉ်၊ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ လိဂ်ဝမ်းကလပ် ဘာတန်အယ်ဘီရွန်ကို ၉ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ၈ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကတော့ ပြီးခဲ့တဲ့ ရက်ကအက်စ်တိုးနီးယားအသင်းနဲ့ ပွဲဖြစ်ပါတယ်။ ဂန်ဒိုဂန်ဟာ ပြိုင်ပွဲစုံ ၃၆ ပွဲကစားခဲ့ရပြီး ၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။
2 years Ago

September 13, 2018

မန်စီးတီးတွင် ပျော်ရွှင်နေဟု ကွင်းလယ်လူ ဂန်ဒိုဂန် ပြော

အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး မန်စီးတီးအသင်းမှာ ပျော်ရွှင်နေတယ်လို့ ကွင်းလယ်ကစားသမား ဂန်ဒိုဂန်က ပြောကြားလိုက်ပါတယ်။ ဂျာမနီကွင်းလယ်လူ ဂန်ဒိုဂန်ကို ဘာစီလိုနာနဲ့ အေစီမီလန်အသင်းတွေက ခေါ်ယူလိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ မန်စီးတီးနဲ့ ၂ နှစ်စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး နည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ ကစားရတာလည်း အဆင်ပြေတဲ့အတွက် နှစ်ကြာတဲ့အထိ ဆက်ကစားသွားမယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ အသက် ၂၇ နှစ်ရှိ ဂန်ဒိုဂန်ဟာ ဂွါဒီယိုလာရဲ့စိတ်ကြိုက် ကစားသမားတဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ပွဲပေါင်း ၄၈ ပွဲအထိ ကစားခဲ့သလို အခုနှစ် ရာသီအစမှာလည်း ခြေစွမ်းပြ ကစားနေပါတယ်။
2 years Ago
More News
Up