ဂန္ထဝင်ဘောလုံးကြယ်ပွင့်

November 26, 2020

ဘုရားပေးသောလက်ပိုင်ရှင်(သို့)ဂန္ထဝင်ဘောလုံးကြယ်ပွင့် မာရာဒိုနာ နှလုံးရောဂါဖြင့် ကွယ်လွန်

ကမ္ဘာ့ဘောလုံးလောကမှာ ဂန္တဝင်ကြယ်ပွင့်တပွင့်အနေနဲ့ တင်စားပြောဆိုကြရတဲ့ ဘောလုံးသမားကြီး မာရာဒိုနာဟာ နိုဝင်ဘာ ၂၅ ရက်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။  အာဂျင်တီးနားဘောလုံးအသင်းရဲ့ နိုင်ငံ့လက်ရွေးစင်ကစားသမားဟောင်းလည်း ဖြစ်သလို နည်းပြ‌‌ဟောင်းတယောက်လည်းဖြစ်တဲ့ မာရာဒိုနာဟာ ဗျူနိုအေရီးစ်မြို့နေအိမ်မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၆၀ အရွယ်ရှိနေပြီ ဖြစ် ပါတယ်။  သူဟာ အခုလဆန်းပိုင်းတုန်းကလည်း ဦးနှောက်သွေးခဲမှုအတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရကာ အရက်စွဲတဲ့ပြဿနာအတွက်လည်း ကုသမှုခံနေခဲ့ရတာ ဖြစ်ပါတယ်။ မာရာဒိုနာဟာ ၁၉၈၆ ခုနှစ်က နိုင်ငံ့လက်ရွေးစင်အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အဲဒီနှစ်ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရကာ လက်နဲ့ ပုတ်သွင်းခဲ့တဲ့ အငြင်းပွားဖွယ် အနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့မှုအတွက် "ဘုရားပေးသောလက်” ဆိုပြီး သမိုင်းမှတ်တမ်းတင် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ကစားသမားဘဝတလျှောက်မှာတော့ မာရာဒိုနာဟာ အာဂျင်တီးနားနိုင်ငံ အသင်းအတွက် ၉၁ ပွဲကစားပြီး ၃၄ ဂိုးသွင်းကာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်မှာ ပါဝင် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။
5 months Ago
Up