ဂန္ထဝင်ကစားသမား

September 16, 2020

အာဆင်နယ် ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ချင်ဟု အူဘာမီယန်း ပြော

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ချင်တာကြောင့် စာချုပ် သက်တမ်းတိုးခဲ့တာဖြစ်တယ်လို့ အသင်းခေါင်းဆောင် အူဘာမီယန်းက ပြောပါတယ်။  အသက် ၃၁ နှစ်ရှိ တိုက်စစ်မှူး အူဘာမီယန်းဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် အနာဂတ်မတည်မငြိမ် ဖြစ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးခဲ့တာပါ။ စာချုပ်သစ်အရ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းကျော်အထိ ရရှိနိုင်တယ်လို့ သိရပါတယ်။ အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ဖို့ဆိုရင် လုပ်ဆောင်မှုတွေ အများကြီးပြသဖို့ လိုအပ်တာမှန်ပေမယ့် အကောင်းဆုံး ကြိုးစားသွားမယ်လို့ အူဘာမီယန်းက ပြောပါတယ်။ အွန်နရီ၊ အီရန်ရိုက်နဲ့ ဘားကမ့်တို့လို  ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ချင်တယ်လို့လည်း အသင်းရဲ့ အင်စတာဂရမ်အကောင့်ကနေ အူဘာမီယန်းက တိုက်ရိုက် Live ပြောခဲ့တာ ဖြစ်ပါတယ်။ အူဘာမီယန်းဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့က ဒေါ့မွန်ကနေ ပြောင်းရွှေ့လာခဲ့တာပါ။ စုစုပေါင်း ၁၁၁ ပွဲ ကစားထားရာမှာ ၇၂ ဂိုး သွင်းယူထားပြီး သွင်းဂိုး ၅၀ ကို အမြန်ဆုံးသွင်းယူနိုင်တဲ့ အာဆင်နယ် ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားပါတယ်။
1 year Ago

September 5, 2020

ဂန္ထဝင်ကစားသမား ရွိုင်ယန်ဂစ်၏နံပါတ် ၁၁ ဂျာစီ ဂရင်းဝုဒ် ဝတ်မည်

မန်ယူတိုက်စစ်ကစားသမား မေဆန်ဂရင်းဝုဒ်ဟာ ဂန္ထဝင်ကစားသမားကြီး ရွိုင်ယန်ဂစ် ဝတ် ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၁ ဂျာစီကို ပြောင်းလဲဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။  ကျောနံပါတ် ၂၆ ဝတ်ဆင်ကစားခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ ၁၇ ဂိုးသွင်း ယူပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။  တိုက်စစ်ကစားသမား မာရှယ် နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၁ ဂျာစီဟာ လက်ရှိအချိန်မှာ လစ်လပ်နေတာကြောင့် အကယ်ဒမီထွက်တိုက်စစ်မှူး ဂရင်းဝုဒ်ကို ယူနိုက်တက်အသင်းက ဝတ်ဆင်ခွင့်ပေးခဲ့တာပါ။  ကျောနံပါတ် ၁၁ ဟာ ၁၉၉၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အသင်းအတွက် ပွဲပေါင်း ၉၆၃ ပွဲ ကစားခဲ့တဲ့ ဝေးလ်ကစားသမားဟောင်းကြီး ရွိုင်ယန်ဂစ် ဝတ်ဆင်ခဲ့ဖူးပါတယ်။  အဲဒီနောက်ပိုင်းမှာ ဘယ်လ်ဂျီယံကစားသမား ယာနူဇက်လည်း ၂ နှစ်ကြာ ဝတ်ဆင်ခဲ့ဖူးပါတယ်။  မန်ယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၇ ဂျာစီလည်း လစ်လပ်နေပြီး  အသစ်ခေါ်ယူနိုင်တဲ့ တိုက်စစ်ကစားသမားတဦးကို ဝတ်ဆင်စေဖို့ ရှိတယ်လို့ သိရပါတယ်။ 
1 year Ago
More News
Up