ဂတ်မူလာ

A d v e r t i s e m e n t With Us

October 7, 2015

ဘိုင်ယန်နှင့် ဂျာမနီ ဂန္ထ၀င်ကစားသမား အယ်လ်ဇိုင်းမားရောဂါ ကုသမှုခံယူ

ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီ ဂန္ထ၀င် ကစားသမား ဂတ်မူလာဟာ အယ်လ်ဇိုင်းမားရောဂါ ကုသမှု ခံယူနေရတယ်လို့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်က အတည်ပြုပါတယ်။ မူလာဟာ နေမကောင်းဖြစ်နေတာ ကာလအတော်ကြာပြီဖြစ်သလို ဒီနှစ် ဖေဖော်ဝါရီလကတည်းက မိသားစုရဲ့ ထောက်ပံ့မှုနဲ့ သေချာကုသ စစ်ဆေးမှု ခံယူနေတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၃ ရက်မှာ ကျရောက်မယ့် အသက် ၇၀ ပြည့်မွေးနေ့မှာ တစုံတရာ အထိမ်းအမှတ် ပြုလုပ်မှာ မဟုတ်သလို လာရောက်လည်ပတ်မယ့်သူတွေကို နားလည်ပေးဖို့ ဇနီးက တောင်းဆိုထားပါတယ်။ အယ်လ်ဇိုင်းမားရောဂါဟာ ဦးနှောက်ထိခိုက်ဒဏ်ရာရမှုကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပြီး အပြုအမူ၊ အတွေးအခေါ်တွေနဲ့ မှတ်ဉာဏ်တွေမှာ ပြဿနာတွေနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ အသက် ၇၀ ပြည့်တော့မယ့် မူလာဟာ အနောက်ဂျာမနီအတွက် ၆၈ ပွဲမှာ ၆၂ ဂိုး သွင်းယူပေးထားပြီး ကလပ်အသင်းအတွက် ဂိုး  ၆၅၀ သွင်းယူပေးထားတာ ဖြစ်ပါတယ်။ ၁၉၇၀ ကမာ့္ဘဖလားမှာ ၁၀ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုကို ရရှိထားသူဖြစ်သလို ၁၉၇၄ ခုနှစ် နယ်သာလန်နဲ့ အနောက်ဂျာမနီပွဲမှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ ၈၅ ဂိုး သွင်းယူခဲ့ပြီး ဂိုးအများဆုံးသွင်းယူသူ တဦးအဖြစ် မှတ်တမ်းတင်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာ မက်ဆီက ဒီစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။
5 years Ago
Up