ဂစ်ဘ်ဆင်

April 18, 2018

မန်ယူကစားသမားဟောင်း ဂစ်ဘ်ဆင် အရက်မူးပြီး ကားမောင်း၍ အရေးယူခံရမည်

မန်ယူနဲ့ ဆန်းဒါးလန်း ကစားသမားဟောင်း ဂစ်ဘ်ဆင်ဟာ အရက်မူးပြီး ကားမောင်းခဲ့လို့ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ အသက် ၃၀ ရှိပြီဖြစ်တဲ့ အိုင်ယန်လန် ကွင်းလယ်ကစားသမား ဂစ်ဘ်ဆင်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက သတ်မှတ်ပမာဏထက်ပိုပြီး အရက်မူးခဲ့လို့ အသင်းရဲ့ လေ့ကျင့်ကွင်းအနီးမှာ ကားမတော်တဆ ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ ဂစ်ဘ်ဆင်အတွက် ၃ ကြိမ်မြောက် ဖြစ်ပွားခဲ့လို့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတာပါ။ ဒီဖြစ်ရပ်ကြောင့် ဆန်းဒါးလန်းအသင်းကလည်း စာချုပ်ဖျက်သိမ်းထားပါတယ်။ ဂစ်ဘ်ဆင်ဟာ မန်ယူအသင်းမှာ ၅ နှစ်ကြာ ကစားခဲ့ပြီး အဲဗာတန်၊ ဆန်းဒါးလန်း အသင်းတွေကို ဆက်ပြီး ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up