ဂစ်

March 7, 2015

နည်းပြနှင့် စိတ်ဝမ်းမကွဲဟု ရိုင်ယန်ဂစ်ပြော

အင်္ဂလန် ပရီးမီးယားလိဂ် နည်းပြ ဗန်ဂေါနဲ့ စိတ်ဝမ်းမကွဲဘူးလို့ မန်ချက်စတာ ယူနိုက်တက် လက်ထောက် နည်းပြ ရိုင်ယန်ဂစ်က ပြောဆိုလိုက်ပါတယ်။ နယူးကာဆယ်အသင်းနဲ့ပွဲမှာ အက်ရှ်လေယန်းရဲ့သွင်းဂိုးအပေါ် ဂစ်က အပြည့်အ၀ အောင်ပွဲခံခြင်း မရှိတဲ့နောက် သူတို့ ၂ ဦးအကြား တင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ ပါတယ်။ ဂစ်ကတော့ သူတို့ ၂ ဦးအကြား ဆက်ဆံရေး ကောင်းသလို အလုပ်ကို ကြိုးစားလုပ်ဆောင်နေ တယ်လို့ ပြောပါတယ်။ ဘောလုံးရာသီ ဒီအချိန်ရောက်ရင် မီဒီယာတွေကတော့ အသေးအဖွဲကို စိတ်လှုပ်ရှားအောင်နဲ့ စိတ်ဝင်စားအောင် လုပ်ဆောင်တာလို့ ဂစ်က ပြောပါတယ်။ ဗန်ဂေါကလည်း သူနဲ့ ဂစ်အကြား မကျေလည်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ အတွက် စိတ်အနှောင့် အယှက် ဖြစ်သလို ဆက်ဆံရေးကောင်းတယ်လို့ ပြောပါတယ်။ အရင်က ကစားဖော်ဟောင်း ပေါလ်စခိုးက နောက် ၃ နှစ်လောက်အထိ မန်ယူက ဒုတိယနေရာမှာ ဆက်ရပ်တည် နေမယ်ဆိုရင် ဂစ်က သည်းခံမှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ၂၀၁၄ မေမှာ ဗန်ဂေါကို နည်းပြအဖြစ် ခန့်အပ်ပြီးတဲ့နောက် ဂစ်ကိုလည်း လက်ထောက်နည်းပြ အဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။ [gallery ids="84535,84536,84537"]
7 years Ago
Up