ဂင်းနစ် ကမ္ဘာ့မှတ်တမ်းဝင်သွားသည့် သြစတြေးလျ ခရစ္စမတ်သစ်ပင် (ရုပ်သံ)

May 16, 2016

ဂင်းနစ် ကမ္ဘာ့မှတ်တမ်းဝင်သည့် တရုတ်ရဲအရာရှိ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တော်မှာ မေလ ၁၅ ရက်နေ့က လက်ထောက်မှောက်လျက် အနေအထား ကမ္ဘာ့အဆင့် အချိန်အကြာဆုံး ယှဉ်ပြိုင်မှုမှာ တရုတ်ရဲအရာရှိတဦးက ကမ္ဘာ့စံချိန်သစ် ထပ်တင်လိုက်ပြီး ဂင်းနစ် ကမ္ဘာ့မှတ်တမ်း ၀င်သွားပါတယ်။ တရုတ်ရဲအရာရှိ မော် (Mao) က ၈ နာရီ ၁ မိနစ်နဲ့ သူ့ရဲ့ အရင်စံချိန်ဖြစ်တဲ့ ၄ နာရီ ၂၆ မိနစ်ကို ချိုးပြီး စံချိန်သစ်တင်လိုက်ပါ။ နောက်ဆုံးအဆင့်မှာ အမေရိကန်နိုင်ငံသား ဂျော့ဟုဒ် (George Hood) နဲ့ ၂ ဦးတည်း ယှဉ်ပြိုင်ခဲ့ကြပြီး ဟုဒ်ကတော့ ၇ နာရီ မိနစ် ၄၀ မှာ အရှုံးပေးလိုက်တာပါ။ မော်ကတော့ ဆက်နေခဲ့ပြီး ၈ နာရီကျော်မှာ ရပ်လိုက်တာပါ။ ဂျော့ဟုဒ်က မော်အတွက် အထူးဂုဏ်ယူပြီး သူအတော်ဆုံးပါပဲလို့ ပွဲအပြီး ချီးကျူးပြောဆိုပါတယ်။ မော်က လာမယ့်ပွဲတွေမှာလည်း ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုအတွက် ပါဝင်ယှဉ်ပြိုင်သူ များလာမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။ တရုတ်ရဲအရာရှိ မော် ၂၀၁၄ ခုနှစ်ကစပြီး ၀င်ရောက်မယှဉ်ပြိုင်ခင်အထိ ဟုဒ်က ၄ နာရီ ၁ မိနစ်နဲ့ ကမ္ဘာ့စံချိန်သစ် တင်ခဲ့သူ ဖြစ်ပါတယ်။
7 years Ago

November 28, 2015

ဂင်းနစ် ကမ္ဘာ့မှတ်တမ်းဝင်သွားသည့် သြစတြေးလျ ခရစ္စမတ်သစ်ပင် (ရုပ်သံ)

သြစတြေးလျနိုင်ငံ၊ ကန်ဘာရာမြို့မှာ ဖွင့်လှစ်လိုက်တဲ့ ခရစ္စမတ်သစ်ပင်တပင်ဟာ ရောင်စုံမီးအလုံးရေ အများဆုံးနဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က ဂရင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်သွားပါတယ်။ ကင်ဘာရာမြို့လယ်မှာ ကျင်းပတဲ့ မီးသီးအများဆုံး ခရစ္စမတ်သစ်ပင် ကမ္ဘာ့စံချိန်ချိုးပွဲကို မြို့ခံရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ ဒီခရစ္စမတ်သစ်ပင်ဟာ ၅ နှစ်ဆက်တိုက် ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့က ယူနီဗာဆယ်စတူဒီယိုရဲ့ ခရစ္စမတ်သစ်ပင်ရဲ့ စံချိန်ကို ချို့လိုက်တာပါ။ ဂျပန်နိုင်ငံက ခရစ္စမတ်သစ်ပင်ကတော့ အမြင့်မီတာ ၃၆ မီတာရှိပေမယ့် မီးသီးအလုံရေ ကတော့ ၃ သိန်း ၇ သောင်းကျော်ပဲရှိပြီး ဒီ သြစတြေးလျနိုင်ငံက သစ်ပင်မှာတော့ မီးသီးအလုံးရေ ၅ သိန်း ၂ သောင်းနီးပါး တပ်ဆင်ထားတာပါ။ ဒီခရစ္စမတ်သစ်ပင်ကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ကင်ဘာရာမြို့ခံ စီးပွားရေးလုပ်ငန်းရှင်၊ ရှေ့နေတဦးဖြစ်တဲ့ David Richards က ဂရင်းနစ်ကမ္ဘာ့မှတ်တမ်းကို လက်ခံရယူခဲ့ပြီး ၀ါသနာရှင်အများအပြား စုစည်းလုပ်ကိုင်ခဲ့တယ်လို့ ပြောဆိုပါတယ်။ အားလုံးအစီအစဉ်တကျဖြစ်ခဲ့ပြီး မျှော်လင့်ထားတာထက်တောင် အောင်မြင်တဲ့အတွက် အတော်ကို စိတ်လှုပ်ရှားရပါတယ်လို့လည်း ပြောဆိုပါတယ်။
7 years Ago
Up