ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့လက်သည်းအရှည်ဆုံး လူသား (ရုပ်သံ)

October 4, 2015

ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့လက်သည်းအရှည်ဆုံး လူသား (ရုပ်သံ)

အိန္ဒိယနိုင်ငံသားတဦးဟာ ၁၉၅၂ ခုနှစ်ကတည်းက လက်သည်းအရှည်ကိုမညှပ်ပဲ ထားခဲ့ပြီး ကမ္ဘာ့လက်သည်းအရှည်ဆုံးလူသားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ စာရင်းဝင်ခဲ့တယ်လို့ ဒေးလီးမေရာသတင်းမှာ ဖော်ပြပါတယ်။ ရှရီဒါချီရယ်လ်အမည်ရ အသက် ၇၈ နှစ်အရွယ် အဲဒီအဖိုးအိုရဲ့ လက်သည်းအ ရှည် စုစုပေါင်းဟာ ၉၀၉ ဒဿမ ၆ စင်တီမီတာရှိပြီး သူ့ရဲ့လက်မလက်သည်းတခုတည်း တင် ၂ မီတာအရှည်ရှိပါတယ်။ အဲဒီလက်သည်းရှည်တွေကြောင့် သူ့ရဲ့ငယ်ဘ၀မှာ အခက်အခဲတွေရှိခဲ့တယ်လို့ ရှရီဒါချီရယ်လ်က ပြောပါတယ်။ “လက်ထပ်ဖို့ မိန်းကလေး ၁၀ ယောက်ကနေ ၁၂ ယောက်ထိ တွေ့ခဲ့ပေမယ့် တ ယောက်မှ ကျနော့်ကို လက်မထပ်ချင်ကြဘူး။ လက်ထပ်ချင်တဲ့ မိန်းကလေးကျတော့ သူ့မိဘတွေက လက်သည်းတွေနဲ့ လည်ပင်းညှစ်သတ်လိမ့်မယ်ပြောကြပြီး မိဘတွေက သဘောတူကြတဲ့ မိန်းကလေးတွေကျတော့လည်း ဒီလိုညစ်ပတ်တဲ့ သူနဲ့လက်မထပ်နိုင် ဘူးလို့ပြောကြတယ်။” အဲဒီလို လက်သည်းအရှည်ထားတာကို သူ့မိဘတွေရော ဆရာတွေကပါမနှစ် သက်ကြပဲ သူ့ရဲ့နေ့စဉ်နေထိုင်မှုဘ၀မှာပါ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ရှရီဒါချီရယ်လ်က ပြောပါတယ်။ “မိသားစုဝင်တွေက လုံးဝမကြိုက်ပါဘူး။ ဘယ်သူကမှ ကျနော့်အ၀တ်တွေကို မ လျှော်ပေးခဲ့ဘူး။ ကိုယ်တိုင်လျှော်ခဲ့ရတယ်။ အလုပ်ရှာတဲ့နေရာမှာလည်း အခက်အခဲတွေ ရှိခဲ့တယ်။ ဘယ်သူမှ ကျနော့်ကို အလုပ်မပေးချင်ကြဘူး။ ခုတော့ ကျနော် ဒီမှတ်တမ်း ၀င်သွားတဲ့အတွက် ဂုဏ်ယူနိုင်ပါပြီ။ ကျနော်ခရီးသွားတဲ့အခါ လူတွေက ဂင်းနစ်ကမ္ဘာ့စံ ချိန်မှတ်တမ်းဝင်သူအဖြစ် အသိအမှတ်ပြုကြလိမ့်မယ်။”
7 years Ago
Up