ဂင်းနစ်စံချိန်တင်

June 30, 2018

တရုတ် ကြေးမောင်းကြီး ကမ္ဘာ့အကြီးဆုံး ကြေးမောင်းအဖြစ် ဂင်းနစ်စံချိန်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီးကျွမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပြုလုပ်တဲ့ ကြေးမောင်းကြီးတလုံးဟာ ကမ္ဘာ့အကြီးဆုံး ကြေးမောင်းအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က ပြောတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ကြေးမောင်းကြီးဟာ အချင်း ၆.၆၈မီတာ နဲ့ အနက် ၂.၈မီတာရှိကာ အလေးချိန် တန် ၅၀ ရှိပြီး ကြေးသွန်းပညာရှင် ဝေချီချူက ပုံစံရေးဆွဲပြီး ၁၀ လကြာ အချိန်ယူလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ကြေးမောင်းရဲ့ အပေါ်ပိုင်းမျက်နှာပြင်မှာ ဖားရုပ် ၄ ရုပ်၊ မောင်နန်းမြို့နွယ်စုရဲ့ ရိုးရာပုံစံတွေနဲ့ မျက်နှာဖုံးတွေ ထည့်သွင်းအလှဆင်ထားပြီး အောက်ခြေက ၂.၆၈ မီတာ အမြင့်ရှိတဲ့ နွားရိုင်း ၄ ကောင် ပါရှိကြောင်း သိရပါတယ်။ ဒီကြေးမောင်းကြီးကို ကမ္ဘာ့စံချိန်တင် အထိမ်းအမှတ်ပွဲ ကြေးမောင်းတွေ ပြုလုပ်ရာမှာ နာမည်ကြီးတဲ့ ဟဲချီမြို့ရှိ ဟွမ်ဂျန်း မောင်နန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုမှာ ပြုလုပ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up