အယ်လ်ဆာဗေဒိုနိုင်ငံမှ ဘိုးသက်ရှည် ဂျူအန်ပါဘလို ဗီလာလိုဘို့စ် မာရာဒီယာဂါကို ၁၉၀၁ ခုနှစ်မှာ မွေးဖွားခဲ့တာမို့ ခုချိန်မှာတော့ အသက် ၁၁၆ နှစ်အရွယ် ရှိနေပြီ ဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာ့အသက်အကြီးဆုံးလို့ ပြောရမှာဖြစ်ပေမယ့် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းမှာတော့ ဖော်ပြခြင်း မခံရသေးပါဘူး။
“တွေ့တဲ့လူတိုင်းက အဘိုးရဲ့ ဒီအသက်အရွယ်ထိ နေထိုင်နိုင်မှုကို ချီးကျူးအားကျကြတယ်” လို့ သူက ပြောပါတယ်။
ငယ်ရွယ်စဉ်တုန်းကတော့ ဂျူအန်ပါဘလိုဟာ လက်သမားနဲ့ အုတ်စီအလုပ်သမား တဦးအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့တာပါ။
သူဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့တာဖြစ်ပြီး ကလေး ၃၉ ဦး မွေးဖွားခဲ့တဲ့အတွက် ကလေးထုတ်စက်ရုံတရုံလိုပဲလို့ ရယ်မောပြောဆိုခဲ့ပါတယ်။
သူ့ကလေးတွေထဲက တချို့ကတော့ သေဆုံးကုန်ကြပြီး ၁၄ ဦးသာ အသက်ရှင်နေခဲ့ကာ လက်ရှိမှာတော့ မိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေထိုင်နေကြတာပါ။
သူ့ရဲ့မြေး၊ မြစ်၊ တီတွေဟာ များပြားလှတဲ့အတွက် အကုန်လုံးနဲ့ မတွေ့ရသေးဘူးလို့ ဂျူအန်ပါဘလိုက ဆိုပါတယ်။
မကြာသေးခင်ကတော့ သူဟာ နယူးယောက်မြို့ကို ပထမဆုံး သွားရောက်လည်ပတ်ခဲ့ပါတယ်။
သူ့ရဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ရခြင်းရဲ့ လျှို့ဝှက်ချက်က ဘာများဖြစ်မှာပါလိမ့်။
“ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ တခုတည်းသောအရာက ဘုရားသခင်ပါပဲ” လို့ သူက ပြောပါတယ်။
6 years Ago