ဂင်းနက်စ်

November 17, 2017

ဘောလုံးစွမ်းရည်ပြသပြီး ဂင်းနက်စ်ကမ္ဘာ့စံချိန် ၂ ခုတင်နိုင်ခဲ့သည့် မိန်းကလေး (ရုပ်သံ)

အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ အင်ဒီကောင်ဝီဆိုတဲ့ အမျိုးသမီးလေးဟာ အံ့ဖွယ် ဘောလုံးစွမ်းရည် ပြသနိုင်ခဲ့ပြီး ဂင်းနက်စ်ကမ္ဘာ့စံချိန် ၂ ခု တင်နိုင်ခဲ့ပါတယ်။ ဒီစွမ်းရည်ပြသမှုတွေကို အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ အာလင်တန်မြို့ AT&T အားကစားရုံထဲမှာ ပြသပြီး စံချိန် ၂ ခု တင်နိုင်ခဲ့တာပါ။ အချိန်တမိနစ်အတွင်းမှာ ခြေထောက်နဲ့ ဘောလုံးကိုတော့ပြီး လေထဲမှာ ဝိုင်းပတ်ကာ တခါ ခြေထောက်နဲ့ ပြန်ဖမ်းပြတဲ့ စွမ်းရည်ဟာ တကယ့်ကို အံ့သြစရာပါ။ စကော့တလန်နိုင်ငံဖွား အင်ဒီဟာ ကမ္ဘာ့အဆင့်ရှိ ဘောလုံးအားကစားသမားတဦးဖြစ်ပြီး  အချိန်တမိနစ်အတွင်း ခုလို စံချိန်တင်နိုင်ဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတာပါ။ ၂၀၁၃ ခုနှစ်ကတည်းက သူ့ရဲ့ အလွတ်တမ်း ဘောလုံးစွမ်းရည်ပြကွက်တွေကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှတဆင့် လွှင့်တင်ခဲ့ရာကနေ လူသိများလာခဲ့သူတဦးဖြစ်ကာ ပရိသတ် ၂ သန်းရှိနေခဲ့ပြီ ဖြစ်ပါတယ်။
4 years Ago

May 10, 2017

စကိတ်စီးပြီး ဂင်းနက်စ် နှစ်ထပ်ကွမ်းစံချိန်တင်သည့် အံ့ဖွယ် ၉ နှစ်သားကလေးငယ် (ရုပ်သံ)

အိန္ဒိယနိုင်ငံမှ အသက် ၉ နှစ်အရွယ် ကလေးငယ်တဦးဟာ ဘားတန်းနိမ့်နိမ့်တွေ အောက်မှာ ငုံ့လျှိုးကာ စကိတ်စီးနင်းပြခဲ့ပြီး ဂင်းနက်စ် ကမ္ဘာ့စံချိန် ၂ ထပ်ကွမ်း တင်နိုင်ခဲ့ပါတယ်။ ထိလပ်ခ်ကိုင်ဆမ် အမည်ရတဲ့ အဲဒီကလေးငယ်ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ မဏိပူရ်မြို့မှာ နေထိုင်တာဖြစ်ပြီး ဘားတန်းပေါင်း ၁၄၆ တန်းအောက်ကနေ အကွာအဝေး ၁၄၅ မီတာကို အချိန် ၅၆ ဒသမ ၀၁ စက္ကန့်အတွင်းမှာ ဘာနဲ့မှမထိဘဲ ဖြတ်သန်းပြနိုင်ခဲ့တာပါ။ မေလ ၃ ရက်နေ့က စွမ်းရည်ပြခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ သူ့အတွက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့စံချိန်ချိုးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပထမအကြိမ် စံချိန်တင်ထားနိုင်ခဲ့တာပါ။ ပျော့ပြောင်းလှတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို ဘားတန်းနိမ့်တွေအောက် လျှောဆင်းပြီး စွမ်းရည်ပြခဲ့တာဟာ တကယ့်ကို ရင်သပ်ရှုမော အံ့သြစရာ ဖြစ်ခဲ့ပါတယ်။
4 years Ago
More News
Up