ဂက်စ်ပိုက်လိုင်းပေါက်ပြီး မီးတောက်များထွက်နေ

June 29, 2020

ဒဂုံမြို့သစ်တွင် ဂက်စ်ပိုက်လိုင်းပေါက်ပြီး မီးတောက်များထွက်နေ၍ မီးသတ်တပ်ဖွဲ့ ငြှိမ်းသတ်

ရန်ကုန် ဒဂုံမြို့သစ် (တောင်ပိုင်း)မှာ ဒီနေ့ နေ့လယ်ပိုင်းက ဂက်စ်ပိုက်လိုင်းပေါက်ပြီး မီးတောက်တွေ ထွက်နေလို့ မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့ရပါတယ်။ ၆၄ ရပ်ကွက်၊ စက်မှုဇုန် ၃၊ ပင်လုံလမ်းမှာ မွန်းတည့် ၁၂ နာရီလောက်က ဂတ်စ်ပိုက်လိုင်းပေါက်ပြီး မီးတောက်ထွက်နေတယ် သတင်းရလို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁  စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁၂ နာရီခွဲလောက်မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။
11 months Ago
Up