မျက်နှာဖုံးစွပ်အမျိုးသားတဦးက ဂက်စ်ဆိုင်တဆိုင်ကို ဝင်ရောက်ဓားပြတိုက်ခဲ့တဲ့ ပုံရိပ်တွေကို ဆိုင်ရဲ့ စီစီတီဗွီ ရုပ်သံမှတ်တမ်းမှာအမိအရ ဖမ်းယူနိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရဲ့ နိုဗိုဆီဘရပ်မှာ ဒီဇင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့တာပါ။
မျက်နှာဖုံးစွပ်ဓားပြဟာ ဆိုင်ရဲ့အမျိုးသမီးဝန်ထမ်းတဦးကို ငရုတ်ကောင်းစပရေးနဲ့ ဖျန်းခဲ့ပြီး လွဲချော်သွားခဲ့တာကြောင့် အမျိုးသမီးဟာ ဆိုင်ထဲကို ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ အဲဒီခဏမှာ အမျိုးသမီးဟာ ကင်မရာမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကြမ်းတိုက်တဲ့ တုတ်တံကို ယူဆောင်လာကာ ဓားပြတိုက်သူကို ပြန်လည်တိုက်ခိုက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ ဓားပြဟာ ရုရှားရူဘယ် ၇၀၀၀ ကို ယူဆောင်ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေကို နိုဗိုဆီဘရပ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပေးခဲ့ပြီး သံသယရှိသူရဲ့ အသေးစိတ် အချက်အလက်တွေကို အသိပေးထားကာ ဒီလူနဲ့ပတ်သက်ပြီး သတင်းပေးဖို့ ပြည်သူတွေကို တောင်းဆိုထားပါတယ်။
1 year Ago