ဂက်စ်အိုးတင်ကားက

July 9, 2017

ဂက်စ်အိုးတင်ကားက လူနေအိမ်ကို ၀င်တိုက်သည့်ရုပ်သံ ရဲက ထုတ်လွှင့် (ရုပ်သံ)

ဇူလိုင်လ ၄ ရက်နေ့က ရဲတွေရဲ့ ခန္ဓာကိုယ် ကင်မရာကနေ ရိုက်ကူးမိထားတဲ့ ၉ ကီလို ဂတ်စ်အိုး ၄ အိုးသယ်ဆောင်လာတဲ့ ကားတစ်စီးက  လူနေအိမ်တစ်လုံးကို ဝင်တိုက်မိခဲ့တဲ့ဖြစ်ရပ် ဗွီဒီယိုကို ဖလော်ရီဒါပြည်နယ် ဖော့ဒ်ပီယာ့စ် ရဲဌာနက ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီကားကို မောင်းလာခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ယာဉ်မောင်းဟာ အခင်းဖြစ်ရာမှာတင် သေဆုံးခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်တဲ့ပုံစံလို့ ယူဆရကြောင်း ရဲက ပြောပါတယ်။ အဲဒီယာဉ်မောင်းက အခင်းမဖြစ်မီက သူဝင်တိုက်ခဲ့တဲ့ အိမ်ထဲမှာ မိသားစုချင်း စကားများခဲ့ပြီး အိမ်ကနေ ထွက်သွားပါတယ်။ အဲဒီနောက် ကားမောင်းပြန်လာပြီး အင်ဂျင်ကို အရှိန်မြှင့်တင်ကာ အိမ်ကို ဝင်တိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ အိမ်ထဲရှိနေသူတွေ တစ်ယောက်မှ ဒဏ်ရာမရခဲ့ကြဘူးလို့ သိရပါတယ်။
5 years Ago
Up